Thursday, April 21, 2016
"သူလက်ထပ်ခွင့် တောင်းတော့မယ်ဆိုတာ သိနိုင်တဲ့အချက် (၆) ချက်"
"သူလက်ထပ်ခွင့် တောင်းတော့မယ်ဆိုတာ သိနိုင်တဲ့အချက် (၆) ချက်"
မိန်းကလေးတိုင်း မျှော်လင့်ကြတာတစ်ခုက ကိုယ့်ချစ်သူက ကိုယ့်ကို လက်ထပ်ခွင့် တောင်းမယ့်အချိန်လေး ဖြစ်မှာပါ။ အဲ့လိုအခိုက်အတန့်လေးကို ပိုင်ဆိုင်ခွင့်ရဖို့ နီးစပ်နေပြီလားဆိုတာ အကဲခတ်ချင်သူတွေအတွက် ခန့်မှန်းလို့ ရနိုင်ပါတယ်။
၁။ လျှို့ဝှက်လာတယ်။
စိတ်ပူစရာကောင်းတဲ့ အမူအရာမျိုးတွေ မတွေ့ရဘဲ သီးသီးသန့်သန့်နဲ့ လျှို့ဝှက် ကြံစည်နေတာမျိုးလေးတွေ တွေ့လာရတယ်။
၂။ ငွေရေးကြေးရေး နည်းနည်းပိုစိစစ်လာတယ်။
လက်ထပ်ခွင့်တောင်းပြီးလို့ လက်ခံလိုက်ရင် အိမ်ထောင်တစ်ခုကို ထူထောင်ရတော့မှာလေ။ အဲဒီတော့ ငွေရေးကြေးရေးပိုင်းလေးတွေ စိစစ်လာတာ၊ စည်းကမ်းရှိလာတာလေးတွေ ရှိလာမယ်။
၃။ ကိုယ်ဈေးဝယ်ထွက်တဲ့အခါမှာ သူကလည်း သီးသန့် ဈေးဝယ်ထွက်တယ်။
အရင်က အတူတူလျှောက်သွား၊ လျှောက်စား၊ ဈေးတူတူဝယ်ရင် အခု သူ့ဘာသာ ရှော့ပင်းမောတွေ၊ စင်တာတွေကိုသွားချင်နေမယ်။
၎။ ကိုယ့်မိဘတွေ၊ သူငယ်ချင်းတွေက သူနဲ့ ဆက်သွယ်မှုရှိလာတယ်။
သူက လက်ထပ်ခွင့်တောင်းဖို့ အကူအညီလိုမှာ ကျိန်းသေတယ်။ အဲ့တော့ ကိုယ့်အကြောင်းသိတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေကို သူဆက်သွယ်သလို သူ့ကိုလည်း ကျန်တဲ့သူတွေက တိတ်တခိုးဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် ဆက်သွယ်အကြံပေးလာကြမယ်။
၅။ ကဗျာဆန်ဆန်ချိန်းတွေ့ဖို့ နေရာလေးတွေ ရွေးနေမယ်။
ဒါကတော့ တကယ်လက်ထပ်ခွင့်မတောင်းခင် ဘယ်လိုနေရာမှာ အဆင်ပြေနိုင်မလဲ လေ့လာတဲ့သဘောပဲ။
၆။ သာမာန်ထက်ပိုပြီး ပြင်ဆင်လာတယ်
ဒါလည်း ကြိုတင်ပြင်ဆင်ကြည့်နေတာပါ။ တကယ့်နေ့မှာ အစဉ်ပြေပါ့မလားပေါ့။
Source : Cosmopolitan
Credit: duwun
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment