Thursday, April 7, 2016

"အိမ်ထောင်ကွဲမှု ဖြစ်ရခြင်း အဓိက အကြောင်းရင်းများ"


"အိမ်ထောင်ကွဲမှု ဖြစ်ရခြင်း အဓိက အကြောင်းရင်းများ"

စာရင်းဇယားများအရ ၄၂% သော လင်မယားတွေက ကွာရှင်းခြင်းနဲ့ အဆုံးသတ်ကြပြီး အိမ်ထောင်သက် နှစ် ၂၀ မတိုင်မီ ကွာရှင်းကြတဲ့ လင်မယားတွေက ၃၄% ရှိတယ်လို့ ဆိုပါတယ်။ ဆက်စပ်နေတဲ့ လေ့လာမှု တစ်ခုမှာတော့ ၈၇% သော လင်မယားတွေက အဆင်ပြေပြီး ရန်မဖြစ်သလောက်နီးပါး အဆင်ပြေတဲ့ လင်မယားက တစ်ဝက်လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီစာရင်း ဇယားတွေကို ကြည့်ခြင်းအားဖြင့် အစမှာ အဆင်ပြေပါတယ်လို့ ဆိုကြတဲ့ လင်မယားတွေက အိမ်ထောင်သက် အနှစ် ၂၀ မပြည့်ခင်မှာပဲ ကွာရှင်းကြတာကို ပြသနေတာ ဖြစ်ပါတယ်။ လင်မယားတွေ ကွာရှင်းရတဲ့ အကြောင်းရင်းတွေမှာ အဖြစ်အများဆုံး အကြောင်းရင်းတွေက ရှိပါတယ်။ ဒါတွေကတော့-

ငွေကြေး ပြဿနာ-

လင်နဲ့မယားကြားမှာ ငွေကြေးအပေါ် တန်ဖိုးထားပုံခြင်း မတူတာက ပြဿနာ စဖြစ်တတ်ပါတယ်။ ဥပမာ- တစ်ယောက်က အသုံးအစွဲကြီးတယ်၊ တစ်ယောက်က ပိုက်ဆံစုရတာကို သဘောကျတယ်။ ဝင်ငွေ၊ ထွက်ငွေ မညီမျှတာကြောင့် အဆင်မပြေမှုတွေ ဖြစ်လာတယ်။

ဖောက်ပြန်မှု

အိမ်ထောင်ရေးမှာ တစ်ယောက်ယောက်က ဖောက်ပြန်ပြီဆိုရင် အရေးကြီးဆုံးဖြစ်တဲ့ ယုံကြည်မှု ပျက်စီးသွားတဲ့အတွက် ရိုးသားတဲ့ ပတ်သက်မှုတစ်ခု ပြန်ဖြစ်ဖို့ အခက်အခဲ ဖြစ်သွားပြီ ဖြစ်ပါတယ်။

ဇနီးဟောင်း၊ ခင်ပွန်းဟောင်းတွေရဲ့ အနှောင့်အယှက်

အိမ်ထောင်တစ်ခု ထူထောင်တဲ့အချိန်မှာ အရင်လူတွေရဲ့ လွှမ်းမိုးမှုက အဆင်မပြေ ဖြစ်စေတတ်ပါတယ်။ အရင်လူက ပိုအရေးပါတယ်လို့ ခံစားမိသွားရင် ဘယ်လိုမှ ပြေလည်နိုင်စရာ မရှိတော့ပါဘူး။

အကြိုက်မတူတာ

သာမန်ညှိယူလို့ရတဲ့ ကိစ္စကနေ ညှိယူလို့မရတဲ့ ကိစ္စတွေအထိ အကြိုက်မတူတဲ့အခါ အတူတူနေတဲ့ အဓိပ္ပါယ်ကို ခံစားလို့ မရနိုင်တော့လို့ ကွာရှင်းရတာ များပါတယ်။

အရမ်း ဝင်ရောက် စွက်ဖက်တတ်တဲ့ မိဘတွေ

ယောက္ခမဖြစ်သူတွေရဲ့ စွက်ဖက်မှုက လင်မယားနှစ်ယောက်ရဲ့ ရင်းနှီးမှုနဲ့ လုပ်ပိုင်ခွင့်တွေကို ဖျက်ဆီးသလို ဖြစ်တတ်ပါတယ်။

ုပြဿနာ တစ်ရပ်ကို ဖြေရှင်းပုံခြင်း မတူတာ

တစ်ယောက်က ပြဿနာကို သွေးအေးအေး ရင်ဆိုင်ဖြေရှင်းတတ်ပေမဲ့ တစ်ယာက်ကတော့ ချက်ချင်းလက်ငင်း ဖြေရှင်းတတ်တာ၊ ပြဿနာကို မြင်တဲ့မြင်ပုံခြင်း မတူတာကြောင့် ဖြေရှင်းပုံ နည်းလမ်းတွေလည်း အမြဲ ကွဲလွဲနေတတ်မယ်ဆိုရင် အဆင်ပြေတဲ့  ဆက်ဆံရေး မဖြစ်နိုင်တဲ့အတွက် ကွာရှင်းခြင်းနဲ့ပဲ အဆုံးသတ်တာ များပါတယ်။

နေထိုင်မှု ပုံစံမတူညီတာ

လင်မယားဆိုတာ အဆိုးအကောင်း အားလုံး မျှဝေခံစားဖို့လို့ ခံယူတဲ့သူနဲ့ ကိုယ့်လွတ်လပ်ခွင့်က ကိုယ်နဲ့ပဲ သက်ဆိုင်တဲ့သူလို့ ခံယူတဲ့သူချင်း တွေ့ကြတဲ့အခါမှာ ဘဝအပေါ် ခံယူချက်ချင်း မတူတဲ့အတွက် ခက်ခဲတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာတတ်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment