Thursday, April 28, 2016
"၁၉၈၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးသူများက ဘဝအပေါ် အလွန်ပျင်းရိနေကြ"
"၁၉၈၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးသူများက ဘဝအပေါ် အလွန်ပျင်းရိနေကြ"
ဒီခုနှစ်တွေအတွင်း မွေးတဲ့မျိုးဆက်ဟာ နည်းပညာနဲ့ လည်ပတ်နေရတဲ့ ဘဝကို မပျော်ကြပါဘူး။
နည်းပညာတွေ နေ့စဉ်တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ဖျော်ဖြေနိုင်မယ့် ပစ္စည်းတွေ များလှပေမယ့်လည်း ဒီကာလကို ပျင်းရိနေသူတွေ ရှိပါတယ်။ ဗြိတိန်မှာလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ၁၉၈၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း မွေးသူတွေဟာ လက်ရှိခေတ်ကာလကို ပျင်းရိနေကြတယ်လို့ ပြောပါတယ် ။
၁၉၈၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း မွေးဖွားသူတွေထဲက ၄ ရာခိုင်နှုန်းသာ ဘယ်တော့မှ မပျင်းခဲ့ဘူးလို့ စစ်တမ်းထဲမှာ ဖြေထားတာ တွေ့ရပါတယ်။ X မျိုးဆက်လို့ ခေါ်တဲ့ ၁၉၆၅ နှစ်ကနေ ၁၉၈၂ ခုနှစ်အတွင်း မွေးခဲ့သူတွေထဲမှာတောင်မှ ၁၀ ရာခိုင်နှုန်းကသာ လက်ရှိခေတ်ကို မပျင်းရိဘူးလို့ ဖြေဆိုထားကြတာပါ။
စမတ်ဖုန်းတွေ၊ ဖျော်ဖြေရေး ရုပ်သံလိုင်းတွေ၊ ဂိမ်းစက်တွေ မျိုးစုံရှိနေပေမယ့် ၁၉၈၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း မွေးသူတွေကတော့ ပျင်းရိလျှက်ရှိပါတယ်။
၂၇ ရာခိုင်နှုန်းက တီဗီကြည့်ရတာကို ပျင်းလာကြပါတယ်။
၁၄ ရာခိုင်နှုန်းက အင်တာနက်နဲ့ လူမှုကွန်ယက် သုံးစွဲရတာကို ပျင်းရိနေကြပါတယ်။
Source : Metro
Credit: duwun
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment