Tuesday, April 5, 2016
"အဝေးရောက်သူငယ်ချင်းနဲ့ ပိုရင်းနှီးလာအောင် ပြုလုပ်သင့်တဲ့အရာ (၆) ခု"
"အဝေးရောက်သူငယ်ချင်းနဲ့ ပိုရင်းနှီးလာအောင် ပြုလုပ်သင့်တဲ့အရာ (၆) ခု"
အရမ်းချစ်ရတဲ့ သူငယ်ချင်းနဲ့ အနေဝေးသွားတဲ့အခါ ရင်းနှီးမှုတွေ ပျက်ပြယ်သွားတတ်ကြပါတယ်။
အချစ်ဆုံးသူငယ်ချင်းက အဝေးရောက်သွားလို့ အရင်ကလို တပူးတွဲတွဲ မရှိနိုင်တော့တဲ့အခါ၊ သူနဲ့ကိုယ်ကြား အားလပ်ချိန်တွေ ကွဲပြားသွားတဲ့အခါ အဆက်အသွယ်တွေလည်း ပြတ်တောက်သွားနိုင်ပါတယ်။ ဒီလိုသူငယ်ချင်းကောင်းကို မဆုံးရှုံးရဖို့ ဒါတွေ လိုက်လုပ်ကြည့်ပါ။
၁။ ဖုန်းဆက်ပါ
လူမှုကွန်ရက် အကောင့်တွေကချည်းပဲ like တွေ comment တွေ ပေးမနေပါနဲ့။ အခြား ဘာကိစ္စမှမပါဘဲ စကားပြောဖို့သက်သက် ဖုန်းဆက်ပါ။ အချိန်အကြာကြီး ပြောစရာလည်း မလိုပါဘူး။ တစ်ယောက်ကိုတစ်ယောက် သတိရနေတယ်ဆိုတာ သိရုံနဲ့တင် အဆင်ပြေပါတယ်။
၂။ ဆင့်ပွားသူငယ်ချင်း
ကိုယ့်သူငယ်ချင်းရဲ့ သူငယ်ချင်းသစ်တွေနဲ့လည်း ရင်းနှီးအောင်နေခြင်းက မိတ်ဆွေသစ်တွေ တိုးပွားလာနိုင်သလို သူနဲ့ကိုယ့်ကြားက ရင်းနှီးမှုလည်း ပိုမိုခိုင်မာလာမှာပါ။
၃။ ယုံကြည်ပါ
အနေဝေးသွားတာကလွဲရင် သူနဲ့သင့်ကြားမှာ ဘာမှပြောင်းလဲမသွားပါဘူး။ ရင်ဖွင့်စရာတွေ ရှိလာရင် အရင်လိုပဲ ရင်ဖွင့်တိုင်ပင်လို့ ရပါသေးတယ်။
၎။ အိမ်အလုပ်အတူလုပ်ကြည့်ပါ
ဥပမာ - ဟင်းတစ်မျိုးတည်းကို သူနဲ့သင် တစ်ပြိုင်နက်တည်း ချက်ပြုတ်ကြတာမျိုး၊ မုန့်လုပ်တာ၊ သန့်ရှင်းရေး စသည်တို့ကို video call ခေါ်ပြီး အတူတူလုပ်နိုင်ပါတယ်။
၅။ နေ့စဉ်စကားပြောပါ
လူတိုင်း အလုပ်များတာပါပဲ။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့လူအတွက်တော့ အချိန်နည်းနည်း ဖဲ့ပေးပါ။ မနက်နဲ့ ညတွေမှာ နှုတ်ဆက်စကားလောက်လေးတော့ ပြောပေးဖို့ လိုတာပေါ့။
၆။ အတိတ်ကို မမေ့ပါနဲ့
ခက်ခဲလာတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ကိုယ့်အတွက် အချိန်မပေးနိုင်တာတွေ၊ အမြင်မတူတော့တာတွေ အပါအဝင် ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲလာနိုင်တာတွေ ရှိလာတဲ့အခါ အရင်က အတူတူ ရှိခဲ့ကြဖူးတာကို မေ့မပစ်လိုက်ပါနဲ့။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတာ လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်ဘူးလေ။
Credit: duwun
Labels:
လူမှုဘဝ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment