Tuesday, April 5, 2016

"သင်္ဘောသီးစားရင် ဘယ်လိုအဟာရတွေ ရမလဲ"


"သင်္ဘောသီးစားရင် ဘယ်လိုအဟာရတွေ ရမလဲ"

သင်္ဘောသီးဟာ နွေရာသီမှာစားဖို့ အလွန်သင့်လျော်တဲ့ အစားအစာ ဖြစ်ပါတယ်။

သင်္ဘောသီးဟာ ဆေးဖက်အလွန်ဝင်တဲ့ အသီးတစ်လုံးဖြစ်တာကို လူတိုင်း သိပြီးသား ဖြစ်ပါတယ်။  နွေရာသီမှာ စားဖို့လည်း အလွန်သင့်လျော်တဲ့ အစားအစာ ဖြစ်ပါတယ်။ သင်္ဘောသီးတစ်လုံးကို စားရင် ရမယ့် အဟာရဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ရှစ်ကျပ်သားလောက်လေးတဲ့ သင်္ဘောသီးစိတ် (သင်္ဘောသီးအရွယ်အစား) ကို တွက်ထားတာ ဖြစ်ပါတယ်။

- ကယ်လီရီ ၅၉ ဂရမ်
- ကစီဓာတ် ၁၅ ဂရမ်
- အမျှင်ဓာတ် ၃ ဂရမ်
- အသားဓာတ် ၁ ဂရမ်
- ဗီတာမင်အေ နေ့စဉ်လိုအပ်ချက်ရဲ့ ၃၃ ရာခိုင်နှုန်း
- ဗီတာမင်စီ နေ့စဉ်လိုအပ်ချက် ၁၅၇ ရာခိုင်နှုန်း
- ဖောလိတ် နေ့စဉ်လိုအပ်ချက်ရဲ့ ၁၄ ရာခိုင်နှုန်း
- ပိုတက်စီယမ် နေ့စဉ်လိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်း
- ဗီတာမင် B1၊ B3၊ B5၊ E နဲ့ K နည်းနည်းစီ ပါဝင်ပါတယ်။

Photos & Source: Health Digest Journal, FactoFun

Credit: duwun

No comments:

Post a Comment