Friday, April 8, 2016
"ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ သူငယ်ချင်း (၃) မျိုး"
"ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ သူငယ်ချင်း (၃) မျိုး"
သူငယ်ချင်းဆိုတာ လူတိုင်းအတွက် လိုအပ်ပါတယ်။
လူဆိုတာ အဖော်အပေါင်းနဲ့ နေတတ်ကြပါတယ်။ ဘဝခရီးကို လျှောက်လမ်းတဲ့အခါ သူငယ်ချင်းတွေနဲ့အတူတူ ရှိနေခြင်းက ပိုပြီး ပျော်ရွှင်ရပါလိမ့်မယ်။ ဘဝထဲက သူငယ်ချင်းတွေထဲမှာ ဒီလိုသူငယ်ချင်းတွေ ရှိဖို့လည်း လိုအပ်ပါတယ်။
(၁) စကားပြောဖော်
အလုပ်ကိစ္စ၊ အချစ်ရေး အပါအဝင် အခြားစကားပြောစရာတွေနဲ့ ရင်ဖွင့်ဖို့ သူငယ်ချင်းတစ်ယောက်လောက်တော့ လိုပါတယ်။ ကိုယ်နဲ့လည်း စကားပြောရတာ အဆင်ပြေတဲ့ လူမျိုးပေါ့။ ကိုယ့်စကားတွေကို နားထောင်ပြီးရင် အကြံဉာဏ်ကောင်းတွေလည်း သူ့ဆီက ရနိုင်ပါတယ်။
(၂) အားကိုးရမယ့် သူငယ်ချင်း
သူငယ်ချင်းလို့ပဲပြောပြော မိတ်ဆွေလို့ပဲခေါ်ခေါ် တစ်ယောက်ကိုတစ်ယောက် ခင်မင်ရင်းနှီးပြီး အကူအညီပေးနိုင်သူမျိုးလည်း လိုအပ်ပါတယ်။ ကိုယ်ကလည်း အကူအညီပေးသလို သူကလည်း ကိုယ့်အတွက် အားထားရမယ့်လူမျိုးကိုလည်း မိတ်ဆွေ ဖွဲ့ထားခြင်းက ကိုယ့်ဘဝအတွက် အထောက်အကူ ဖြစ်စေမှာပါ။
(၃) အတူပျော်မယ့်ဘော်ဒါ
ဒီလိုသူငယ်ချင်း အပေါင်းအသင်းတွေလည်း လိုပါတယ်။ ဒါမျိုးကတော့ ကိုယ်နဲ့ အမြင်ချင်းတူ၊ အတွေးအခေါ်တူ၊ အကြိုက်တူတဲ့လူမျိုးပေါ့။ နှစ်ယောက်သား ဝါသနာပါရာတွေကို အတူတူလုပ်ရင်း ပျော်စရာအချိန်တွေ ဖန်တီးလို့ ရနိုင်တယ်လေ။
Source : Mot
Credit: duwun
Labels:
လူမှုဘဝ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment