"လူတစ်ယောက်ကို တကယ်ချစ်မိရင် ခံစားရမယ့်အချက် (၈) ချက်"
ကျွန်တော်တို့ လူသားတွေဟာ အခြားသက်ရှိတွေထက် အချစ်ကို သိရှိ ခံစားနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ခံယူချက်တွေအပြင် ပြင်ပ လူနေမှုဘ၀မှာတောင် သွားလာ၊ နေထိုင်တဲ့ အမူအယာတွေက ပြောင်းသွားပါတယ်။ အချစ်ကို ခံစားမိတဲ့အခါ ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ရှိနေပါသေးတယ်။ အဲဒီအချက် (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဟိုမုန်းတွေရဲ့ အပြောင်းအလဲ
အချစ်ကို စတင်ခံစားလိုက်ရပြီဆိုရင် အသံတွေ တုန်တယ်၊ ပါးတွေနီတယ်၊ ကိုယ်နှလုံးခုန်သံကိုတောင် ကိုယ်က ပြန်ကြားနိုင်တယ်၊ ဒါဟာ သွေးထဲမှာရှိတဲ့ ဟိုမုန်းတွေဟာ ဦးနှောက်ထဲကို လျှင်မြန်စွာ စီးဝင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမူအယာတွေ ဖြစ်ပါတယ်။
(၂) ကိုယ့်အကြောင်းထက် ပိုပြီး စဉ်းစားမိတယ်
တစ်စုံတစ်ယောက်ကို ချစ်မိနေပြီဆိုရင် ကိုယ့်အကြောင်းထက် သူ့အကြောင်းကိုပဲ ပိုပြီး စဉ်းစားမိပါတယ်။ အိပ်ယာဝင်ရင်လည်း သူ့အကြောင်း၊ အိပ်ယာထရင်လည်း သူ့အကြောင်း၊ အလုပ်သွား၊ အလုပ်ပြန် သူ့အကြောင်းတွေ ဖြစ်နေပါလိမ့်မယ်။
(၃) တစ်ယောက်တည်း ပြုံးမိတာ ခဏခဏ
သူရဲ့ ချစ်စဖွယ် အမူအယာလေးတွေဟာ စိတ်ထဲမှာ အမြဲ မြင်နေရတယ်။ ဒီတော့ သူ့ရဲ့ အပြုအမူလေးတွေကို သတိရလိုက်တဲ့ခဏ တစ်ယောက်တည်း ပြုံးမိတာမျိုးလေးတွေ၊ တစ်ခါတလေ အသံထွက် ရယ်မိတာလေးတွေ ရှိလာမှာပါ။
(၄) ရှက်စရာလို့ ယူစရတဲ့ အရာတွေလည်း လုပ်ရဲလာတယ်
ဥပမာ ကောင်မလေးတစ်ယောက်ကို ကြိုက်မိတယ် ဆိုပါစို့။ သူ့အိမ်ရှေ့ တစ်နေ့ အခေါက်တစ်ရာလောက် လျှောက်ရတာကို ရှက်ရကောင်းမှန်း မသိတော့တာ။ နဖူးလေး ချွေးစို့နေရင် လူရှေ့သူရှေ့ သုတ်ပေးချင်တာ စသဖြင့်ပေါ့။ ချစ်စိတ်နဲ့ ဒါတွေကို ရှက်ရကောင်းမှန်းမသိ ဖြစ်နေတတ်ပါတယ်။
(၅) ပုံမှန်မဟုတ်တဲ့ လုပ်ငန်းတွေလုပ်ရဲလာတယ်
ဥပမာအားဖြင့် ကောင်မလေးက ကာယသင်တန်း တက်နေတယ်ဆိုရင် ကိုယ် အရင်က နှာခေါင်းရှုံ့ခဲ့တဲ့ လုပ်ငန်း ဖြစ်နေရင်တောင် အဲဒီသင်တန်း တက်ဖို့ ၀န်မလေးတော့ဘူး။ ကောင်မလေးက အမျိုးသမီးအသုံးဆောင်ပစ္စည်း ရောင်းဆိုင်က၀န်ထမ်း ဖြစ်နေရင်တောင် ဆိုင်ထဲ မယောင်မလည်ဝင်ပြီး ဘရာစီယာ တစ်ထည်လောက်တော့ ကိုင်ကြည့်လိုက်ရမှ ဆိုတာလေးတွေ ပေါ့။
(၆) ရုတ်တရက် ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်ကို သတိထားမိတယ်
တစ်စုံတစ်ယောက်ကို ချစ်မိနေပြီဆိုရင် သူ ဒီရုပ်ကြီး ပြန်ချစ်နိုင်ပါ့မလား၊ စတိုင်ကရော သိပ်ရိုးနေပြီလား၊ ဘယ်လိုအ၀တ်အစားဝတ်ရင် သူ ခိုက်နိုင်မလဲ စသဖြင့် ဦးနှောက်မှာ အလုပ်တွေ တန်းစီနေတတ်ပါတယ်။
(၇) သီးချင်းဆိုချင်စိတ် ပေါက်လာမယ်
ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ယောက် မဖြစ်နိုင်တောင်မှ အချစ်ကို ခံစားမိတဲ့အခါ အသံ (၇) ပေါက် မသိလည်း လူတိုင်း အဆိုတော် ဖြစ်သွားပါတယ်။ သူ့ကို သတိရတဲ့အချိန် ဖွင့်ထားတဲ့ သီချင်းလေးကလည်း တိုက်ဆိုင်နေတယ်ဆိုရင် ဒူးလေး တနန့်နန့်နဲ့ ညည်းမိတဲ့အထိ ဂီတပိုး ၀င်တတ်ပါတယ်။
(၈) မျက်လုံး မမြင်ရတော့ဘူုး
မျက်လုံးမမြင်ရဘူးဆိုတာ ရုတ်တရက် အမြင်အာရုံပျောက်တာကို ပြောတာ မဟုတ်ပါဘူး။ သူ့ကို တကယ်ချစ်မိပြီဆိုရင်
နားရွက်မပါတာကိုလည်း မမြင်တော့ဘူး၊ ခြေဆာတာကိုလည်း မမြင်တော့ဘူး၊ ဗိုက်ရွှဲတာကိုလည်း မမြင်တော့ဘူး၊ နှုတ်ခမ်းတိုတာကိုလည်း မမြင်တော့ဘူး၊ ချစ်နေမိပြီကိုးဗျ။
နတ်စည်တော် (Shwemom)
Credit: Shwemom
No comments:
Post a Comment