Friday, April 8, 2016

"တစ်နေ့ကို ဘယ်နှစ်ကြိမ်လောက် အပေါ့သွားသင့်လဲ"


"တစ်နေ့ကို ဘယ်နှစ်ကြိမ်လောက် အပေါ့သွားသင့်လဲ"

သုံးကြိမ်လောက် အပေါ့သွားရုံနဲ့တော့ မလုံလောက်ပါဘူး။

တစ်နေ့ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သာ အပေါ့သွားခြင်းက သင်ဟာ ရေဓာတ်ခမ်းခြောက်နေတယ်လို့ သိသာစေပါတယ်။ အပေါ့သွားရင်လည်း ဆီးတွေက ဝါထိန်နေတာကိုကြည့်ရင် ရေကို လုံလုံလောက်လောက် မသောက်ဘူးဆိုတဲ့ လက္ခဏာပါ။

နေ့စဉ် လိုအပ်တဲ့ ရေပမာဏကို လုံလုံလောက်လောက် သောက်သုံးသူဟာ နာရီတိုင်းမှာ အပေါ့သွားလေ့ရှိပါတယ်။ ဆီးအရောင်ကလည်း ကြည်လင်နေရင် သင့်ကျောက်ကပ်က အလုပ်ကောင်းကောင်း လုပ်တယ်လို့လည်း ယူဆလို့ရပါတယ်။ ခနခန အပေါ့သွားခြင်းက စိတ်ရှုပ်စရာလို့ ထင်ပေမယ့် ဆီးအရောင်ကလည်း ကြည်လင်နေမယ် ဆိုရင်တော့ နာရီအနည်းငယ်ကြာတိုင်း အပေါ့သွားဖြစ်တာဟာ ကျန်းမာရေးကောင်းတဲ့ လက္ခဏာရပ်ပါ။ အပေါ့သွားချင်လာတိုင်း အောင့်မထားဘဲ သွားပေးဖို့ လိုပါတယ်။

Source : Elle

Credit: duwun

No comments:

Post a Comment