Sunday, April 3, 2016

"လူတွေ သင့်ကို သဘောမကျတာ ဒီအချက်တွေကြောင့်ပါ"


"လူတွေ သင့်ကို သဘောမကျတာ ဒီအချက်တွေကြောင့်ပါ"

လူဆိုတာ ငြီးတွားတတ်တာ မှန်ပေမဲ့ တခြားလူတွေ စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် အမြဲငြီးတွားနေတာက သင့်အတွက် မကောင်းပါဘူး။

၁- အကုန်သိ
တစ်ယောက်ယောက် စကားပြောနေတာကို ကြားတာနဲ့ သင်သိတယ်ဆိုပြီး ဝင်ပြောတာမျိုးဟာ ရေရှည်မှာ လူတွေမနှစ်သက်တဲ့အလုပ်ပါ။

၂- ဝင်ပါ
မလိုအပ်ဘဲ ကိစ္စတစ်ခုကို ဝင်ပါတာပါ။ မတောင်းတဲ့ အကြံညဏ်တွေကို ဝင်ဝင်ပေးတာမျိုးပါ။

၃- ငြီးတွား
လူဆိုတာ ငြီးတွားတတ်တာ မှန်ပေမဲ့ တခြားလူတွေ စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် အမြဲငြီးတွားနေတာပါ။

၎- စိတ်ရှည်တာမျိုး မရှိ
စိတ်ရှည်တတ်တဲ့လူတွေဟာ တခြားလူကို စကားပြောခွင့်ပေးတယ်၊ သင်ယူခွင့်ပေးတယ်၊ အမှားတွေ လုပ်ခွင့်ပေးပါတယ်။ တစ်ခုခုလေးလုပ်မိတာနဲ့ ပြောဆိုနေတတ်သူတွေ မဟုတ်ပါဘူး။ ဒီလိုမျိုး သင့်မှာ မရှိပါဘူး။

၅- ချီးကျူး
လူတွေနဲ့ပက်သက်ရင် ကောင်းတာလေးတွေပဲ ပြောတတ်ပါတယ်။ ဒါကြောင့် ဒီလိုလူမျိုးကို တွေ့ရင် လူတွေက ပြုံးနေတတ်ပါတယ်။ ဒါမျိုးချီးကျူးတတ်တဲ့ အကျင့် သင့်မှာ မရှိပါဘူး။

၆- ကောင်းကွက်
လူတော်တော်များများဟာ အခြားလူတွေရဲ့ ဆိုးကွက်တွေကိုပဲ သတိထားမိတတ်ပါတယ်။ လူတွေနှစ်သက်သဘောကျတဲ့ လူကတော့ ကောင်းကွက်တွေကိုလည်း သတိပြုမိတတ်သူပါ။

၇- ကောက်ချက်ချ
တစ်စုံတစ်ယောက်ဟာ ဘယ်လိုလူမျိုးပါဆိုတာကို သင်သိတဲ့ အချက်အလက်လေးအနည်းငယ်နဲ့ ကောက်ချက်ချလိုက်တာမျိုးပါ။

၈- ကပ်စေးနဲ
ငွေကြေးနဲ့ပက်သက်ရင် တွယ်ကပ်နေတာမျိုးပါ။

Photos & Source: Lifehack

Credit: duwun

No comments:

Post a Comment