Thursday, April 28, 2016

"အောင်မြင်ပျော်ရွှင်သူတွေ မနက်ခင်းမှာ ဘာလုပ်ကြလဲ"


"အောင်မြင်ပျော်ရွှင်သူတွေ မနက်ခင်းမှာ ဘာလုပ်ကြလဲ"

အောင်မြင်ပျော်ရွှင်နေသူတွေရဲ့ နေ့စဉ် အလေ့အထတွေထဲက မနက်ခင်းမှာ လုပ်လေ့ရှိတဲ့ အလေ့အထ အချို့ကို ဖော်ပြထားပါတယ်။

အောင်မြင်ပျော်ရွှင်နေသူတွေရဲ့ နေ့စဉ် အလေ့အထတွေထဲက မနက်ခင်းမှာ လုပ်လေ့ရှိတဲ့ အလေ့အထ (၇) ခု ဖြစ်ပါတယ်။

၁။ လက်ရှိဘဝကို အကောင်းမြင်တတ်ပြီး ကျေးဇူးတရားကို တွေးတော တန်ဖိုးထားတတ်ပါတယ်။

၂။ နေ့သစ်တစ်နေ့ကို လန်းဆန်းသစ်လွင်စွာ ရှုမြင်သုံးသပ် ရင်ဆိုင်ပါတယ်။

၃။ တစ်နေ့ချင်းစီအတွက် ရည်မှန်းချက် သတ်မှတ်ပါတယ်။

၎။ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာအုပ်စာပေတွေကို ဖတ်ရှုပါတယ်။

၅။ မနက်စာအတွက် စဉ်းစားတာ၊ အပြင်သွားဖို့ အဝတ်အစား ပြင်ဆင်တာတွေ ပြုလုပ်ရင်း မနက်ခင်းမှာ ပေါ့ပေါ့ပါးပါး စိတ်ဖိစီးမှုကင်းအောင် နေတတ်ပါတယ်။

၆။ ကောင်းမွန်လုံလောက်တဲ့ မနက်စာကို အချိန်ပေးပြီး စားသောက်ပါတယ်။

၇။ အောင်မြင်မှုအတွက်ကို စဉ်းစားတွေးခေါ်လေ့ရှိပြီး အောင်မြင်မှုကိုလည်း ဆာလောင်တတ်ကြသူတွေပါ။


Source & Photo: LifeHack

Credit: duwun

No comments:

Post a Comment