Sunday, April 3, 2016

"သတို့သမီးတွေမျက်နှာမှာ ဇာပုဝါအုပ်ရတဲ့ မူလအကြောင်းရင်း (၆) ခု"


"သတို့သမီးတွေမျက်နှာမှာ ဇာပုဝါအုပ်ရတဲ့ မူလအကြောင်းရင်း (၆) ခု"

ခရစ္စယာန်ဘာသာဝင် သတို့သမီးလေးတွေဟာ အဖြူရောင်ဇာပုဝါလေးတွေ ခြုံလွှမ်းလေ့ရှိပါတယ်။

သတို့သမီးလေးတွေ ဇာပုဝါဖြူလေးတွေ ဆင်မြန်းရတဲ့ မူလ အကြောင်းရင်းလေးတွေကတော့..

၁။ နတ်ဆိုးတွေ ရန်ကနေ ကာကွယ်ဖို့

မင်္ဂလာဆောင်မှာ ဇာပုဝါခြုံလွှမ်းခြင်းက ရောမခေတ်က စတင်ခဲ့တာပါ။ အဲဒီအချိန်က အမျိုးသမီးတွေက ခေါင်းကနေ ခြေအဆုံး ပုဝါနဲ့ အုပ်ထားရပါတယ်။ အကြောင်းကတော့ မင်္ဂလာဆောင်မှာ နတ်ဆိုးတွေက မင်္ဂလာမောင်နှံကို ကျိန်စာတိုက်မှာ စိုးလို့ပါတဲ့။

၂။ သတို့သမီးမျက်နှာကို ဖုံးအုပ်ဖို့

ဟိုးရှေးခေတ်တုန်းက မင်္ဂလာဆောင်တွေကို ဖခင်တွေက စီစဉ်ခြင်းဖြစ်ပြီး မင်္ဂလာမဆောင်ခင်အထိ သတို့သမီးမျက်နှာကို သတို့သားက မြင်ခွင့်မရှိပါဘူး။

၃။ သတို့သမီး ထွက်မပြေးအောင်လို့

သတို့သမီးက သတို့သားကို ပထမဆုံးအကြိမ် မြင်လိုက်ချိန်မှာ ထွက်ပြေးသွားမှာစိုးလို့ ထွက်ပြေးလို့ မလွယ်အောင် ပုဝါနဲ့ အုပ်ထားတာလို့ ဆိုပါတယ်။

၎။ သတို့သမီးလေးရဲ့ အပျိုစင်ဘဝကို ဖော်ညွှန်းခြင်း

ပါးလွှာတဲ့ ပုဝါလေးဟာ အမျိုးသမီးရဲ့ ကာညမြှေးကို ဖော်ညွှန်းခြင်းလို့ ဆိုပြန်ပါတယ်။

၅။ ပုဝါကို လှပ်ခြင်းက ပိုင်ဆိုင်မှု သင်္ကေတဖြစ်

သတို့သားက လက်ထပ်ပြီဆိုတာနဲ့ အဲဒီပုဝါကို လှပ်နိုင်ပါပြီ။ ဒါဟာ သူ့ရဲ့သတို့သမီးလေးကို ပိုင်ပြီဆိုတဲ့ အဓိပ္ပာယ်ပါ။

၆။ ချစ်ခြင်းမေတ္တာက အရေပြားတစ်ထောက်စာထက် ပိုတယ်ဆိုတာပြဖို့

ဂျူးတွေရဲ့ ယုံကြည်မှုအရ သတို့သားဟာ သတို့သမီးရဲ့ ရုပ်ရည်ကြောင့် လက်ထပ်တာ မဟုတ်ဘူးဆိုတာ ပြသတာလို့ ဆိုတာပါတယ်။

"ငါ မင်းကို သိပ်ချင်တယ်။ မင်းမျက်နှာကို မမြင်ရရင်တောင် ငါ မင်းကို လက်ထပ်နိုင်တယ်" လို့ သတို့သားက ပြောတဲ့အဓိပ္ပာယ်ပါတဲ့။

Source & Photos : Metro

Credit: duwun

No comments:

Post a Comment