Thursday, April 21, 2016

"ဆုံးရှုံးသွားတဲ့ ယုံကြည်မှု တွေ ဘယ်လိုပြန်လည် တည်ဆောက်မလဲ"


"ဆုံးရှုံးသွားတဲ့ ယုံကြည်မှု တွေ ဘယ်လိုပြန်လည် တည်ဆောက်မလဲ"

သင်ဟာ မရည်ရွယ်ပေမယ့် အချစ်ဆုံးသူကို လိမ်ညာလိုက်မိတယ် ဆိုပါစို့။ သင်ဟာ ရည်းစားဟောင်းနဲ့ ပြန်ဆက်သွယ်မိတာ၊ ဒါမှမဟုတ် ချစ်သူ မကြိုက်တဲ့အရာတစ်ခုခုကို ပြုလုပ်လိုက်မိတဲ့အတွက် မရည်ရွယ်ပဲ လိမ်ညာလိုက်ရပါတယ်။ သေချာတာကတော့ သင့်ချစ်သူက သင့်ကို မယုံတော့ပါဘူး။ သူ့ကို ဘယ်လိုပဲ ကျိန်ပြီးပြောပြော၊ ဘယ်လိုပဲ အပြစ်ရှိကြောင်းဝန်ခံဝန်ခံ ချစ်သူဆီက ယုံကြည်မှု ပြန်ရလာဖို့ ကိုယ်တိုင် ပြန်တည်ဆောက်ရပါတယ်။ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ နည်းလမ်း ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ကိုကိုယ် မလိမ်မညာမိဖို့ အရင် ကြိုးစားပါ

ကိုယ့်ကိုကိုယ် မလိမ်မညာတတ်ခြင်းဟာ မိမိ ကိုယ်တိုင်အတွက်ရော၊ မိမိရဲ့ အချစ်ရေးအတွက်ပါ ကောင်းမွန်လာစေနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ပါ လိမ်ညာထားသူတွေဟာ ကိုယ်မှန်တာ လုပ်မိတယ်ဆိုရင်တောင်၊ ကိုယ့်ဘက်က ရိုးသားတယ်ဆိုရင်တောင် လိပ်ပြာမသန့် ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်နိုင်ပြီဆိုမှ ကိုယ့်ကို တစ်ခြားလူတွေကလည်း ယုံကြည်လာနိုင်မှာ ဖြစ်ပါတယ်။

၂။ ပွင့်လင်း မြင်သာမှု ရှိပါ

သင့်ကို သင့်ချစ်သူက ယုံကြည်လာဖို့အတွက် သင့်အနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုအပ်ပါတယ်။ အရာရာကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ပြောဆိုပါ။ အဲဒီလို နေထိုင်တတ်ပြီဆိုရင်တော့ အချိန်က စကားပြောလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ချစ်သူဆီက ယုံကြည်မှုကို ပြန်လည် ရရှိလာမှာပါ။

၃။ ကတိတည်ပါ

လူဆိုတာ ကတိတည်ဖို့ အရေးအကြီးဆုံးပါပဲ။ မင်းမှာသစ္စာ လူမှာကတိ ဆိုသလိုပဲ ပေးထားတဲ့ ကတိကို တည်နိုင်မှသာ တစ်ဖက်လူရဲ့ ယုံကြည်မှုကို ရမှာပါ။ မတည်နိုင်ရင် အစောကတည်းက ကတိမပေးပါနဲ့။ ကတိပေးပြီးရင်လည်း ရတဲ့နည်းနဲ့ ပေးထားတဲ့ကတိကို တည်နိုင်အောင် ကြိုးစားမှသာ ကိုယ့်ချစ်သူရဲ့ ယုံကြည်မှု အပါအ၀င် အထင်ကြီးလေးစားမှုတွေကိုပါ ရနိုင်မှာ ဖြစ်ပါတယ်။

Ref:eharmony

Credit: Trend Myanmar

No comments:

Post a Comment