Tuesday, April 26, 2016
"ထာဝရ ချစ်ခြင်းတရားမှာ မပြောင်းလဲတဲ့အရာ (၇) ခု"
"ထာဝရ ချစ်ခြင်းတရားမှာ မပြောင်းလဲတဲ့အရာ (၇) ခု"
ဘာလုပ်လုပ် တက်ညီလက်ညီနဲ့ ချစ်ခင်ကြတဲ့ စုံတွဲတွေပါ။
သူငယ်ချင်းလိုရော ချစ်သူတွေလိုရော မပြောင်းလဲတဲ့ချစ်ခြင်းနဲ့ တစ်သက်လုံး ချစ်သွားကြတဲ့ သူတွေကို တွေ့ဖူးကောင်း တွေ့ဖူးကြမှာပါ။ သူတို့နှစ်ဦးကို ဒီအချက်တွေက ထာဝရ ပေါင်းစည်းပေးထားတာပါ။
၁။ ဘာအကြောင်းပဲဖြစ်ဖြစ် ပြောလို့ရတယ်
ပေါင်းရသင်းရခက်တဲ့ လုပ်ဖော်ကိုင်ဖက်၊ အချစ်ဆုံးသူငယ်ချင်းနဲ့ ရန်ဖြစ်တာတွေ၊ ကိုယ်ကြည့်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားအပေါ် ထင်မြင်ချက် ကြိုက်တဲ့အကြောင်းပြော အပြန်အလှန် နားထောင်ပေးကြတယ်။
၂။ အနာဂတ်အစီအစဉ်မှာ နှစ်ဦးစလုံးအတွက် ပါတယ်
တွဲတာ ဘယ်လောက်ပဲ ကြာကြာ တစ်ခုခုလုပ်မယ်တွေးတိုင်း နှစ်ယောက်အတွက် စဉ်းစားတယ်။ အလုပ်မှာ ရာထူးတိုးသွားလို့ တခြားနေရာကို ပြောင်းရွှေ့ဖို့လိုအပ်ရင် ချစ်သူကို ပြောတယ်။ နှစ်ယောက်အတူတွဲလျက် အနာဂတ်အတွက်ပဲ အမြဲစဉ်းစားကြတယ်။
၃။ ရဲဘော်ရဲဘက်တွေ
အိမ်ကနေအပြန် ကုန်တိုက်ဝင်ပြီး လိုအပ်တာဝယ်တော့မယ်ဆိုရင် သင်က သူ့ကို ဖုန်းဆက်ပြီး ဘာလိုသေးလည်း မေးတယ်။ အိမ်ပြန်နောက်ကျမယ်ဆိုရင်လည်း ကြိုပြောတယ်။ ပါတီတွေမှာ အမြဲနှစ်ယောက်အတူ တတွဲတွဲ တွေ့ရတယ်။
၎။ သူငယ်ချင်းတွေနဲ့ အတွဲမပျက်ဘူး
သင်တို့နှစ်ယောက်စလုံးဟာ ချစ်သူအတွက် သူငယ်ချင်းတွေကို ပစ်မထားဘူး။ သင်တို့ရဲ့ ကိုယ်ပိုင်ဘဝကိုလည်း ဟန်ချက်ညီညီ ဖြတ်သန်းကြတယ်။ အဲဒီလိုလုပ်ခွင့်လည်း အချင်းချင်းပေးထားတယ်။
၅။ တစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲဖို့ မကြိုးစားဘူး
ကိုယ်ပိုင် ဘဝအိပ်မက်တွေ၊ ဝါသနာတွေနဲ့ ပန်းတိုင်တွေရှိကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အားပေးကြတယ်။ အဲဒါကြောင့်ပဲ ပျော်ရွှင်တဲ့ချစ်သူဘဝကို ပိုင်ဆိုင်ရတယ်။
၆။ အလေးမထားတာမျိုး ဘယ်တော့မှ မလုပ်ဘူး
ချစ်သူဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေပြီမို့လို့ ဘယ်လိုမှ မကွဲနိုင်တော့ဘူးဆိုတဲ့ စိတ်မျိုးနဲ့ တစ်ဖက်သားရဲ့ ခံစားချက်ကို လျစ်လျူရှုထားတာမျိုး မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် အမြဲ အလေးထားပြီး သင်တို့ရဲ့အချစ်ရေးအတွက် အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားတယ်။
၇။ နေ့တိုင်း ပျော်စရာလေးတွေရှိတယ်
ပိုလွန်းတယ်လို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ ဒါဟာ အချစ်စစ်ရဲ့သင်္ကေတပါ။ ကိုယ့်ကို ပျော်ရွှင်မှုမပေးနိုင်သူနဲ့ အမြဲတမ်း ဘယ်သူက အတူရှိချင်မှာလဲ။ စိတ်ညစ်နေချိန်မှာ ကိုယ့်ကို ပြုံးအောင် လုပ်ပေးနိုင်သူတစ်ယောက် အနားမှာရှိနေရင် ဘယ်သူမှ လက်လွှတ်ခံချင်မှာ မဟုတ်ဘူး။
Source & Photos : Life
Credit: duwun
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment