Friday, April 8, 2016
"ချစ်သူကောင်း ရချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၇) ခု"
"ချစ်သူကောင်း ရချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၇) ခု"
လူကောင်းဆိုတာ ရှာရခက်ပြီး အဲဒီလိုလူမျိုးနဲ့ ချစ်သူဖြစ်ဖို့က ပိုလို့တောင် ခက်ပါသေးတယ်။
ဘဝတစ်လျှောက်လုံး စိတ်ပျက်စရာ အချစ်ရေးတွေနဲ့ ကြုံတွေ့ခဲ့ပြီးတဲ့နောက် လူတစ်ယောက်က ကိုယ်နဲ့ ထိုက်တန်တဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတာကို တွေ့ရတဲ့အခါ အရမ်းကို ထူးဆန်းနေမိတယ်။ ချစ်သူကောင်း ရချိန်မှာတောင် စိုးရိမ်ပူပန်မှုတွေနဲ့ ကြောက်လန့်မှုတွေက ရှိနေပါသေးတယ်။
၁။ ဟန်ဆောင်နေတာလားလို့ စိုးရိမ်မိတယ်။
ကိုယ်တွေ့ဖူးသမျှ လူတွေက အသည်းနှလုံးမရှိသူတွေ ဖြစ်လေတော့ လူကောင်းဆိုတာ ဘာမှန်း မသိတော့ဘူး။ ယောက်ျားအားလုံး ဒီလိုချည်းပဲ ထင်နေချိန်မှာ လူကောင်းဆိုတာကို တွေ့တော့ ဟန်ဆောင်နေတာလားလို့ သံသယဖြစ်မိတယ်။ အကြိမ်များစွာ ခံခဲ့ရပြီးပြီဆိုတော့ သတိထားဖို့ လိုတယ်လေ။
၂။ ဒီအချစ်ဇာတ်လမ်း အဆင်ပြေချင်တယ်
ဘယ်တုန်းကမှ ယောက်ျားတစ်ယောက်အပေါ် မစွဲလမ်းဖူးသူဆိုရင်တောင် ကိုယ့်အပေါ် တကယ်ကောင်းတဲ့ ချစ်သူကို မချစ်ဘဲ ဘယ်နေနိုင်မလဲ။ အဲဒီတော့ တစ်ခုခု အမှားအယွင်းကြောင့် ဒီဇာတ်လမ်း မချောမွေ့မှာကို စိုးရိမ်နေမိတယ်။
၃။ သူနဲ့သာ ကွဲရရင် နာကျင်မှုက တော်တော်ဆိုးမယ်
အရင်လူတွေတုန်းက ကိုယ့်အပေါ် သစ္စာဖောက်သွားလည်း စိတ်ဖြေနိုင်တယ်လေ။ ဘာလို့လဲဆိုတော့ သူက ကိုယ့်အပေါ် မကြင်နာသူဆိုတော့ တစ်နေ့ ဒီလိုလုပ်မယ်လို့ မျှော်လင့်ထားပြီးသား။ ကိုယ့်အပေါ် အရမ်းကောင်းတဲ့သူက ကိုယ့်အပေါ် နာကျင်အောင် လုပ်သွားခဲ့ရင် ဘယ်တော့မှ နလန်ထူနိုင်တော့မှာ မဟုတ်ဘူး။ ဒီလိုလုပ်မယ်လို့ ထင်ရက်စရာမှာ မရှိတာကိုး။
၎။ ကိုယ်က အဲဒီလောက်တောင် ကံကောင်းပါ့မလား
ကိုယ်မြင်ဖူးသမျှ အချစ်ရေးတွေက စိတ်ပျက်စရာတွေချည်းပဲ။ ဘာလို့ ငါ့ကျမှ လူကောင်းနဲ့ တွေ့ရတာလဲ။ တကယ်ပဲ ငါနဲ့မှ ထိုက်တန်တာ ဟုတ်ရဲ့လား။
၅။ ကိုယ်က ကောင်းအောင် နေရတော့မယ်
အရင် ရည်းစားတွေတုန်းက ကိုယ့်အပေါ်မှ မကောင်းတာ သူတို့အပေါ် ပြန်ညစ်လိုက်ဖို့လည်း ဝန်မလေးခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့သူနဲ့ တွေ့တော့ ကိုယ်ကလည်း အရမ်းကောင်းအောင် နေရတော့မယ်လေ။
၆။ တစ်ခုခုမှားယွင်းခဲ့ရင် ဆုံးရှုံးရမှာက အရမ်းများတယ်
သူ ထွက်ပြေးသွားမယ့် အမှားအယွင်းမျိုး ကိုယ်လုပ်မိမှာကို ကြောက်နေမိတယ်။ လူကောင်းဆိုတာ ခဏခဏ တွေ့ဖို့ မလွယ်ဘူးလေ။ ကိုယ့်ရဲ့ အခွင့်အရေးထူးကြီးကို မဖျက်ဆီးပစ်ချင်ဘူး။ နောက်တစ်ခါ ဒီလို အခွင့်အရေးမျိုးက ရချင်မှ ရတော့မှာ မဟုတ်လား။
၇။ အချစ်အပေါ် အမြင်က လုံးဝ ပြောင်းလဲသွားပြီ
အချစ်ရေး၊ အိမ်ထောင်ရေးတိုင်းမှာ လွှမ်းမိုးချုပ်ကိုင်မှုတွေ၊ ကစားပွဲတွေ ပါဝင်တယ်လို့ ထင်ထားမိခဲ့တာလေ။ အခုတော့ အားလုံးက မှားယွင်းနေပြီ။ တကယ်တော့ ကိုယ်က အမှောင်ထဲမှာ အကြာကြီး ပိတ်မိနေခဲ့တာပဲ။
Source & Photos : Bolde
Credit: duwun
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment