Sunday, April 3, 2016
"သခွားမွှေးသီးရဲ့ အကျိုးအာနိသင် (၇) မျိုး"
"သခွားမွှေးသီးရဲ့ အကျိုးအာနိသင် (၇) မျိုး"
နွေရာသီနဲ့ အလိုက်ဖက်ဆုံး သီးနှံတွေထဲမှာ သခွားမွှေးလည်း ပါဝင်ပါတယ်။ သခွားမွှေး ဆိုတဲ့အတိုင်း အနံ့လေးက ယဉ်ယဉ်လေးနဲ့ ချိုအေးတဲ့ အရသာကို ပေးစွမ်းပါတယ်။ အချို့ဒေသတွေမှာတော့ သခွားမွှေးကို ဟင်းချက်တဲ့ နေရာတွေမှာတောင် သုံးလေ့ရှိပြီး ၀က်သားနဲ့ ချက်စားရင် အတော်လေး လိုက်ဖက်ညီပါတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ သခွားမွှေးအမှည့်ကို အချိုပွဲထဲ ဓားနဲ့လှီးထည့်ပြီး သုံးဆောင်ကြသလို ဖျော်ရည်ဖျော်ပြီးသောက်ရင်လည်း အဆင်ပြေပါတယ်။ ဒါကြောင့် နွေသီးနှံ သခွားမွှေးရဲ့ အကျိုးအာနိသင် (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကင်ဆာကို အကာအကွယ်ပေးနိုင်တယ်
သခွားမွှေးမှာ ဗီတာမင် C ဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် သခွားမွှေးကို ပုံမှန်စားပေးရင် ကင်ဆာဆဲလ်တွေ ခန္ဓာကိုယ်ကို တွယ်ကပ်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။
(၂) ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေတယ်
သခွားမွေးကို ပုံမှန်စားပေးပါက ကိုယ်ခံစွမ်းအားကို မြင့်တက်စေနိုင်ပါတယ်။ သခွားမွှေးထဲမှာ zeaxanthin ပါဝင်တာကြောင့် ဆဲလ်များသေဆုံးခြင်းကို ကာကွယ်ပေးပြီး ဆဲလ်အသစ်တွေ ဖြစ်စေမှုမှာလည်း အားပြုပေးနိုင်ပါတယ်။ ပြင်ပကနေ အလွယ်တစ်ကူ ၀င်လာနိုင်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
(၃) ပန်းနာရင်ကြပ်ကို သက်သာစေတယ်
သခွားမွှေးမှာ ရှားပါးဓာတ်တစ်မျိုးဖြစ်တဲ့ beta-crontene ဓာတ် ပါဝင်ပါတယ်။ ဒီဓာတ်ဟာ ကိုက်လံ၊ ရွှေဖရုံစေ့ စသည်တို့မှာသာ ပါဝင်ပြီး ရှားပါးပါတယ်။ အဲဒီဓာတ်က ပန်းနာသမားတွေအတွက် အထူးသင့်တော်ပါတယ်။
(၄) သွေးဖိအားကို ထိန်းပေးတယ်
နေ့စဉ် စားသုံးပေးသင့်တဲ့ သခွားမွှေးမှာ fiber, potassium, vitamin C နဲ့ choline ဓာတ်တွေဟာ သွေးဖိအားကို ပုံမှန်အနေအထားမှာ ထိန်းပေးပါတယ်။ ဒါကြောင့် သွေးတိုး၊ သွေးကျ ရှိသူတွေအနေနဲ့ သခွားမွှေးကို ပုံမှန် စားသုံးပေး
သင့်ပါတယ်။
(၅) ရေဓာတ်ခန်းခြောက်ခြင်းကိုလည်း ကာကွယ်ပေးတယ်
ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားအရေ မွဲခြောက်ခြောက် ဖြစ်နေသူတွေအတွက် သခွားမွှေးက ရေဓာတ် အပြည့်အ၀ ပြန်လည် ပေးစွမ်းနိုင်ပါတယ်။ သခွားမွှေးမှာ ရေဓာတ် 80% ပါဝင်ပါတယ်။
(၆) ဆံကေသာနဲ့ အသားအရေအတွက် ကောင်းမွန်တယ်
ဗီတာမင် A ဓာတ် ပါဝင်တဲ့ သခွားမွှေးဟာ ဆံပင်ကျန်းမာရေးအတွက် အထူး သင့်တော်ပါတယ်။ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆီဓာတ်ခန်းခြင်း၊ မွဲခြောက်ခြောက်ဖြစ်ခြင်း တို့အပြင် အသားအရေ ဖြူစင်ဝင်းပဖို့အတွက်လည်း သင့်တော်ပါတယ်။
(၇) အရွယ်ရင့်ရော်မှုကို ကာကွယ်ပေးတယ်
သခွားမွှေးမှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ အခြား သတ္ထုဓာတ်တွေ ပါဝင်လို့ ပုံမှန်စားသုံးပေးပါက အသား၊ ဆဲလ်၊ တစ်ရှုးတွေ လျှင်မြန်စွာ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် သခွားမွှေးကို စားပေးရင်း အရွယ်တင် နုပျိုစေမှာပါ။
နတ်စည်တော် (Shwemom)
Credit: Shwemom
Labels:
ကျန်းမာရေး,
အစားအသောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment