Wednesday, April 27, 2016

"ချစ်သူနဲ့မခွဲချင်ရင် လုပ်ဆောင်ရမယ့်အရာ (၆) မျိုး"


"ချစ်သူနဲ့မခွဲချင်ရင် လုပ်ဆောင်ရမယ့်အရာ (၆) မျိုး"

(၁) ချစ်သူအပေါ် အပြုသဘောဆောင်တဲ့ အတွေးမျိုးသာ တွေးပါ

အပြုသဘောဆောင်တဲ့အတွေးဆိုတာ ပြင်ပလူနေမှုဘ၀မှာလည်း လူချစ်လူခင် ပေါများစေပါတယ်။ ချစ်သူအပေါ်မှာ အပြု
သဘောဆောင်တဲ့ အတွေးမျိုးထားနိုင်ရင် ချစ်သူက ပိုပြီး ချစ်မြတ်နိုးပါတယ်။

(၂) အတွေ့အထိများနဲ့ ရင်းနီးမှုကို ပြပါ

ချစ်သူတွေကြားမှာ အနမ်း၊ အပွေ့အဖက် စတာတွေဟာ ချစ်သက်ရှည်စေဖို့ အာဟာရတွေ မှီဝဲနေရတာနဲ့ တူပါတယ်။ ဘာနဲ့တူသလဲဆိုရင် ဘ၀တစ်ခု ရှင်သန်ရပ်တည်ဖို့ အစားအစာ စားပေးနေရသလိုမျိုး ကာယပသာဒ အထိအတွေ့ဟာ ချစ်သူတွေကြားမှာ အရေးတကြီး လိုအပ်ပါတယ်။

(၃) စကားလက်စုံ (မကြာခဏ) ပြောပေးပါ

စကားပြောပါများလေ တစ်ဦးရဲ့ အတ္တကို တစ်ဦးက နားလည်လေပါဘဲ။ ရင်နီးမှုကလည်း စကားလုံးတွေ များလာနဲ့အမျှ သံယောဇဉ် ခိုင်မာလာပါတယ်။ ဥပမာ အွန်လိုင်းပေါ်မှာ ချစ်သူတွေ မဖြစ်ကြသေးတဲ့သူအချင်းချင်းတောင် စကားတွေပြောလို့ ရင်းနီးလာပြီဆိုရင် ကိုယ်လိုင်းပေါ်တက်တာနဲ့ သူရှိလေမလား မျှော်မိတာမျိုး ကြုံဖူးပါလိမ့်မယ်။

(၄) အရာရာကို အတူတူ ရင်ဆိုင် ဖြတ်သန်းပါ

တစ်ယောက်နဲ့တစ်ယောက် ရေသာခိုဖို့ ချစ်သူဘ၀ကို စတင်ခဲ့တာ မဟုတ်ပါဘူး။ အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ဖို့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရာရာကို အတူတူ ရင်ဆိုင် ဖြတ်သန်းပါ။

(၅) အလေးပေးဆက်ဆံပါ

အပြန်အလှန် လေးစားမှုမရှိဘဲ ပေါင်းသင်းဆက်ဆံလို့ မရပါဘူး။ ပြင်ပ လူနေမှုဘ၀မှာတောင် ကိုယ့်ရဲ့ စိတ်ထဲကနေ
လှိုက်လှိုက်လှဲလှဲ လေးစားမှုမရှိတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ ဘယ်သူက ဆက်ဆံချင်မှာလဲလေ။

(၆) ပြင်ပအကြောင်းအရာတွေနဲ့ မရောထွေးပါနဲ့

တစ်ခုခု ပြဿနာဖြစ်ပြီဆိုရင် လက်ရှိ ချစ်သူနဲ့ ဆိုင်/မဆိုင် အရင်စဉ်းစားပါ။ ပြင်ပလူနေမှုဘ၀နဲ့ ချစ်သူဘ၀ကို ရောထွေးမပစ်ပါနဲ့။ ပြင်ပ အရှုပ်အထွေးထဲကို ချစ်သူဘ၀ မသွင်းပါနဲ့။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment