လူတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ရင် သစ္စာရှိမှုဆိုတာကလဲ
သူ့အလိုလိုဒွန်တွဲနေပါလိမ့်မယ်...
နားလည်မှုအလွဲလေးတွေနဲ့ စိတ်ဆိုးကြရင်တောင် အကြာကြီးပစ်မထားတတ်ပဲ ပြန်လာခေါ်နေပါလိမ့်မယ်...
သူမဟုတ်တဲ့ တစ်ခြားလူတစ်ယောက်ဆိုတာ ကိုယ့်အတွက် သိပ်အရေးမပါသလို ခံစားနေရပါလိမ့်မယ်...
သူ့ရဲ့အတိတ်တွေကို အလုံးစုံမေ့ပစ်ပေးနိုင်ပြီး အခုပစ္စုပ္ပန်မှာ အကောင်းဆုံးလက်တွဲနိုင်အောင် ကြိုးစားနေတတ်ကြပါလိမ့်မယ်...
ဘာမှတိတိကျကျ အခွင့်ရေးတွေမရှိတဲ့ အကွာဝေးမတူတဲ့ချစ်သူတွေ ဖြစ်နေပါစေ အနေနီးဖို့အတွက် ကြိုးစားနေပါလိမ့်မယ်...
သူနဲ့ပတ်သက်လာရင် အကြောင်းပြချက် တစ်စုံတစ်ရာမရှိပဲ ချစ်တတ်လာပါလိမ့်မယ်...
(ဥပမာ သူကလှလို့ ချမ်းသာလို့ ပညာတက်လို့ ဆိုတာမျိုးတွေပေါ့)
လူတစ်ယောက်ကို တကယ်ချစ်မိသွားခဲ့ရင် ကိုယ့်အနားမှာ ရွေးချယ်စရာတွေ ဘယ်လောက်များနေပါစေ သူ့တစ်ယောက်တည်းကိုပဲ ရွေးချယ်တတ်တာမျိုးပါ...
Phoe Phyu (Poem)
Sunday, March 1, 2015
လူတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ရင် သစ္စာရှိမှုဆိုတာကလ
Labels:
ချစ်မှုရေးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment