"ပက်ကွီအိုနှင့် မေ၀ဲလ်သာတို့ပွဲမှ အနိုင်ရရှိသူမှာ ကန်ဒေါ်လာ ၁ သန်းတန်မြစိမ်းရောင် ချန်ပီယံခါးပတ်ကို ၀တ်ဆင်ခွင့်ရမည်"
အမေရိကန်၊ မတ် ၁၈။ ။ ရာစုနှစ်၏ အကောင်းဆုံး ဘောက်ဆင်ပွဲဟု နာမည်ပေးထားသည့် ပက်ကွီအိုနှင့် မေ၀ဲလ်သာ တို့၏ ပွဲစဉ်တွင် အနိုင်ရရှိသူသည် အမေရိကန်ဒေါ်လာ ၁ သန်းတန် မြစိမ်းရောင် ချန်ပီယံခါးပတ်ကို ၀တ်ဆင်ခွင့် ရရှိမည် ဖြစ်သည်။
ထိုခါးပတ်သည် ကမ္ဘာ့ လက်ဝှေ့ကောင်စီ (WBC) မှ အထူး ပြုလုပ်ထားခြင်းဖြစ်သည်။ မြစိမ်းရောင် ချန်ပီယံခါးပတ်မှာ စိန်ပွင့်များဖြင့် တန်ဆာဆင်ထားခြင်း ဖြစ်သည်။
ကမ္ဘာ့လက်ဝှေ့ကောင်စီသည် ပုံမှန်ပေးအပ်နေကြဖြစ်သည့် မြစိမ်းရောင် ချန်ပီယံခါးပတ်နှင့် ပုံမှန်မဟုတ်သည့် မဟူရာရောင် ချန်ပီယံခါးပတ် နှစ်ခုကို ဒီဇိုင်းရေးဆွဲပြီး WBC ၀က်ဘ်ဆိုက်မှတစ်ဆင့် ကမ္ဘာ့လက်ဝှေ့ ပရိသတ်များထံ ဆန္ဒမဲ ကောက်ယူခဲ့ခြင်းဖြစ်သည်။
ပရိသတ် ၅၃ ရာခိုင်နှုန်းက မြစိမ်းရောင် ခါးပတ်ကို ရွေးချယ်ခဲ့ပြီး ၄၇ ရာခိုင်နှုန်းက မဟူရာရောင် ခါးပတ်ကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် လာမည့်မေလ ၂ ရက်နေ့တွင် အနိုင်ရရှိသူသည် အမေရိကန်ဒေါ်လာ ၁ သန်းတန် မြစိမ်းရောင် ချန်ပီယံခါးပတ်ကို ၀တ်ဆင်ခွင့် ရမည်ဖြစ်သည်။
သမိုင်းတွင်မည့် ရာစုနှစ်၏ အကောင်းဆုံး ဘောက်ဆင်ပွဲအတွက် ပက်ကွီအိုနှင့် မေ၀ဲလ်သာတို့ကို ပေးချေရသည့်ထိုးသတ်ကြေးမှာ နှစ်ဦးပေါင်း ပေါင်သန်း ၃၀၀ ရှိမည် ဖြစ်သည်။ လောင်းကစားဒိုင်များ၏ လက်ရှိဖွင့်လှစ်မှုတွင် မေ၀ဲလ်သာဘက်မှ ၁၅ လေး ၈ လေးပေးထားသည်။
Written by အောင်ငြိမ်းသွေး
Ref: Daily Mail
Mizzima
lutawlupyaw
No comments:
Post a Comment