Sunday, March 1, 2015

တစ်ချို့အရာတွေက မေ့ပစ်ထားလိုက်တာကောင်းပါတယ်..

တစ်ချို့အရာတွေက မေ့ပစ်ထားလိုက်တာကောင်းပါတယ်...
အစပြန်ဖော်မိတဲ့အခါ နာကျင်ခံစားနေတတ်တာကိုယ်ဖြစ်နေ တတ်ပါတယ်...

တစ်ချို့အရာတွေက သတိမရတော့တာကောင်းပါတယ်...
မမေ့ပစ်နိုင်သ၍ အချိန်တိုင်းသတိရမိနေသ၍ကတော့
ခဏခဏ ကိုယ့်ဘဝကြီးဟာ အဓိပ္ပါယ်မဲ့နေသလိုခံစားနေရ တတ်ပါတယ်...

တစ်ချို့အရာတွေက ပြန်မလာတော့ဘူးဆိုတာသိနေပေမဲ့
စောင့်မျှော်နေတတ်တယ်...
မဖြစ်နိုင်မှန်းသိတဲ့အရာတစ်ခုကို မစွန့်လွှတ်နိုင်တာဟာ ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်နေတာနဲ့ အတူတူပါပဲ...

လောကကြီးထဲမှာ ပိုင်ဆိုင်ဖို့ခွန်အားတွေမဲ့လာတဲ့အခါ စွန့်လွှတ်ပစ်နိုင်ဖို့အတွက် ကြိုးစားပါ...
ဒါမှမဟုတ်ရင် အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ကိုကိုယ် ဒါဏ်ရာ ပေးနေသလိုပါပဲ...

အမြဲတမ်းတော့နှစ်ယောက်ဆိုတာမရှိနိုင်ပါဘူး တစ်ယောက်တည်းဖြစ်သွားတဲ့အခါ နေတတ်အောင်လဲ ကြိုးစားဖို့လိုပါတယ်...

တစ်ခါတစ်လေမှာ တစ်ချို့အရာတွေကို မှန်လိုပြုကျင့်သင့်ပါတယ်
ဒါမှ အများကြီးမနာကျင်မခံစားရတော့ဘူးပေါ့...

Phoe Phyu (Poem)


No comments:

Post a Comment