Tuesday, March 17, 2015

"လူ့စိတ်နဲ့ လက်သည်းကိုက်တဲ့အကျင့် ဘယ်လို ဆက်စပ်မှုရှိသလဲ..."

"လူ့စိတ်နဲ့ လက်သည်းကိုက်တဲ့အကျင့် ဘယ်လို ဆက်စပ်မှုရှိသလဲ..."

လက်သည်းကိုက်တယ်ဆိုတာ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အကျင့်ဆိုးတစ်ခုလို့ ယူဆကြတယ်။ ဒါပေမယ့် ၄င်းအစား အဲ့ဒီအလေ့အကျင့်ကို ဇီဇာကြောင်ခြင်းနဲ့ ပတ်သက်ကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ လေ့လာချက်တွေက ဖော်ပြထားပါတယ်။

Montreal တက္ကသိုလ်မှ ပါမောက္ခ Kieron O’Connor ရဲ့ လေ့လာမှုကတော့ စိတ်ဖိစီးမှု၊ စိတ်အပန်းဖြေမှု စတဲ့အရာတွေက လူ ၄၈ ယောက်ရဲ့ တစ်ဦးချင်းအပေါ် သူတို့တွေရဲ့ အပြုအမူ ဘယ်လိုပြောင်းလဲစေလဲဆိုတာ စူးစမ်းလေ့လာခဲ့ပါတယ်။

ငြီးငွေ့ခြင်း၊ ခံပြင်းခြင်း၊ အားမလို အားမရဖြစ်တဲ့အခါ လက်သည်းကိုက်တတ်တဲ့အကျင့် ဖြစ်လာဖို့ အလားအလာ ပိုများကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။ အခြေခံအားဖြင့် လက်သည်းကိုက်တာ စိုးရိမ်မှုများလို့သာ မဟုတ်ဘဲ ဇီဇာကြောင်တဲ့ အပြုအမူတစ်ခုလည်း ဖြစ်ပါတယ်။ မိမိကြိုးပမ်းချက် မအောင်မြင်တဲ့အခါ လက်သည်းတွေကို ပွန်းပဲ့ ဖူးရောင်လာတဲ့အထိ ကိုက်တတ်ကြပါတယ်။


Credit: Trend Myanmar



lutawlupyaw

No comments:

Post a Comment