"လုပ်တိုင်း မရသော်လည်း ရအောင်တော့ လုပ်လိုက်ပါ"
လူတစ်ချို့ က အလုပ်လုပ်နေသော်လည်း ဘာမှမရပါဘူးလို့ ပြောတာကို ခဏခဏ တွေ့ဖူးပါတယ်။ လုပ်တိုင်း မဖြစ်ပါဘူးဆိုတာလည်း ဘယ်အရာမှ တည်မြဲမှု မရှိတာကြောင့်သာ ဖြစ်ပါတယ်။ အလုပ်လုပ်တိုင်းရော မိမိကိုယ်ကို ဘယ်လောက် ယုံကြည်မှု အားကောင်းပါသလဲ
ဆိုတာ ကိုယ်တိုင် ပြန်မေးကြည့်ပါ။
အမြဲတမ်း အလုပ်လုပ်တဲ့အခါမှာ အမြဲတမ်း ယုံကြည်မှု ရှိနိုင်လားဆိုတာလည်း မေးကြည့်ပါ။ ဘာလို့လည်းဆိုတော့ ယုံကြည်မှုဟာ လူတစ်ယောက်ရဲ့ မမြင်နိုင်တဲ့ စွမ်းအားကို ဖြစ်စေပါတယ်။ ကိုယ့်ရဲ့လုပ်နိုင်တဲ့ စွမ်းအားကို ကိုယ်တိုင် သိနေတာလည်း ဖြစ်ပါတယ်။
ကိုယ်က ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာကို သိမှ ကိုယ့်ကို ယုံကြည်နိုင်မှာပါ။ လူတစ်ဦးတစ်ယောက်ချင်းစီသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုသော်လည်းကောင်း ယုံကြည်မှုကို အခြေခံပြီး ခိုင်မာမှုကို တည်ဆောက်ရတာ ဖြစ်ပါတယ်။ ဒါမှ အောင်မြင်မှုကို ရရှိမှာပါ။
ယုံကြည်မှုရှိရှိနဲ့ ရင်ဆိုင်တဲ့ အခက်ခဲတိုင်းဟာ သေချာပေါက် အဖြေကောင်းထွက်ပါတယ်။ ဒါကြောင့် ယုံကြည်မှုဟာ တနည်းအားဖြင့် ကံအလုပ်လို့လည်း ဆိုနိုင်ပါတယ်။ စိတ်ဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာဖြစ်လို့ အလုပ်ရဲ့ ရလာဒ်ဟာလည်း ပုံစံတစ်မျိုးထဲ မထွက်လာနိုင်ပါဘူး။
ဒါကြောင့် လုပ်တိုင်းတော့ အောင်မြင်ချင်မှ အောင်မြင်မှာပေါ့၊ သို့သော် ယုံကြည်မှုရှိတဲ့စိတ်ဟာ တစ်ကြိမ်မရရင် နှစ်ကြိမ်၊ နှစ်ကြိမ်မရရင် သုံးကြိမ် ဆိုတဲ့ ဇွဲသတ္တိကိုပါ မွေးဖွားပေးပါတယ်။ အကြိမ်ကြိမ် ထဖို့ကြိုးစားရင်း နောက်ဆုံး လမ်းလျှောက်တတ်သွားတဲ့ ကလေးငယ်လိုပေါ့။ တစ်ကြိမ်လဲကျတာဟာ နောက်တစ်ကြိမ်ထဖို့ ယုံကြည်မှု တည်ဆောက်ပေးတာပဲလို့ ခံယူလိုက်ပါ။ မိမိလိုချင်တာကို အချိန်တစ်ခုအတွင်း ရလာတော့မှာ ဖြစ်ပါတယ်။
Credit : True Man
lutawlupyaw
No comments:
Post a Comment