" ရှင်းပြဖို့ မလွယ်ဘူး "
လယ်သမားတစ်ယောက် စိတ်ဓာတ်ကျဆင်းနေဟန်ဖြင့် ဘားကောင်တာရှေ့တွင် စိတ်ပျက်လက်ပျက်ပုံစံနှင့် အရက်ကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေသည်။ သူ့ကိုတွေ့သော သူ့သူငယ်ချင်းများက အကျိုးအကြောင်းကို မေးကြသည်။
“မင်းကြည့်ရတာ တမှိုင်မှိုင်တတွေတွေနဲ့ ဘယ်လိုဖြစ်လာတာလဲ”
လယ်သမားက ပြန်ဖြေသည်။
“တစ်ချို့ကိစ္စတွေက ပြန်ရှင်းပြဖို့ မလွယ်ဘူးကွ”
“လုပ်ပါကွ။ ပြန်ပြောပြပါအုံး တို့တွေ ကူညီလို့ရရင် ကူညီရတာပေါ့”
“ဒီလိုကွ ။ မနက်က ငါ့ နွားမကြီးကို တင်းကုပ်ထဲမှာ နို့ညှစ်တယ်လေ။
သိပ်မကြာဘူး ကောင်မက နို့ပုန်းကို သူ့ညာခြေနဲ့ ကန်ပစ်လိုက်တယ်။ ဒါနဲ့ ငါလဲ သူညာခြေကို တိုင်မှာ ချည်ထားလိုက်တယ်။ ပြီးတော့ ဆက်ညှစ်
တယ်။ သိပ်မကြာပြန်ဘူး ကျန်တဲ့ ဘယ်ခြေနဲ့ နို့ပုံးကို ကန်ပစ်လိုက်ပြန်ရော။ ဒါနဲ့ ငါလဲ သူ့ဘယ်ဘက်ခြေကိုပါ တိုင်မှာချည်လိုက်တယ်။”
ပြီးနောက်သူက ဆက်ပြောပြန်သည်။
“ဒါလဲမရဘူးကွ။ သိပ်မကြာဘူး နို့ပုံးကို သူ့အမြီးနဲ့ ရိုက်လိုက်ပြန်ရော။ ငါလည်း စိတ်မရှည်တာနဲ့ အမြီးကို ကြိုးနဲ့ချည်မယ်လုပ်တာ။ ကြိုးကလဲမတွေ့တော့ဘူး။ ဒါနဲ့ ငါ့ခါးပတ်နဲ့ သူ့အမြီးကို တုတ်လိုက်တယ်။ ဖြစ်ချင်တော့
ခါးပတ်မရှိတဲ့ ငါ့ဘောင်ဘီက အောက်ကိုလျှောကျသွားရော။ အင်း . . .
ထပ်ဖြစ်ချင်တော့ ငါ့မိန်းမ ရောက်လာတော့တာပဲ။ အဲဒီမှာ ပြဿနာ တက်တာပဲကွာ။”
“ဟ . . . ဒါ ဘာဆန်းသလဲကွ သေချာရှင်းပြလိုက်ပေါ့”
“အဲဒါကြောင့်ပြောတာ။ တစ်ချို့ကိစ္စတွေက ရှင်းပြဖို့ မလွယ်ပါဘူဆို”
KZO
Monday, March 2, 2015
" ရှင်းပြဖို့ မလွယ်ဘူး "
Labels:
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment