Tuesday, March 10, 2015

" မိသားစု ပျော်ရွှင်နိုင်ရေး နားလည်မှုကို တိုးပွားပေး "

" မိသားစု ပျော်ရွှင်နိုင်ရေး နားလည်မှုကို တိုးပွားပေး "

လူတိုင်းက မိမိရဲ့ မိသားစုကို ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစု ဖြစ်ချင်ကြတာကြီးပါပဲ။ ပျော်ရွှင်ချင်တယ်ဆိုရင်တော့ ဖြည့်တွေးပေးတတ်ဖို့ လိုပါတယ်။ အားနည်းချက်ကို ဖယ်ပြီး အားသာချက်တွေကို ကြည့်တတ်မယ်ဆိုရင် မိသားစု ပျော်ရွှင်မှုကို တည်ဆောက်နိုင်ပါတယ်။

လူတိုင်း တပ်မက်ကြတဲ့ ပျော်ရွှင်ခြင်းဆိုတာကို အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေးပညာရှင် ဆယ်ဦး ဘယ်လို သတ်မှတ်ပါသလဲ "တကယ်လို့ ဘ၀ကိုအသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံး အရာကဘာလဲ” အမေးမှာ အဖြေက “တကယ်လို့ဘ၀ကို အသစ်ပြန်စရရင် မိသားစုတွေ သားသမီးတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွှတ်ချင်ဆုံးပါ” လို့ ပြန်ဖြေခဲ့ကြတယ်။

ဝင်ငွေရှာကောင်းတဲ့ သူရဲ့ဘဝဟာ တန်ဖိုးအရှိဆုံးအရာဖြစ်တဲ့ မိသားစုနဲ့အတူ နေတဲ့အချိန်တွေ၊ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊ လူတစ်ဖက်သားကို ကူညီဖို့အရေး ဆိုတာတွေကို ဆုံးရှုံးသွားရတာပါ..

အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေ ၀င်ငွေများများရလေပါ။ ၀င်ငွေများလာတာနဲ့အမျှ အခြားသော တန်ဖိုးရှိတဲ့အရာတွေကို ဆုံးရှုံးကြရမှာပါပဲ..

ဒါကြောင့် အိမ်သူသက်ထားဖြစ်သူနဲ့ သားသမီးတွေ အနေနဲ့လည်း "စီးပွားရှာနေရပါလား” ဆိုတဲ့ နားလည်မှုနဲ့ နားလည်ပေးနိုင်ရင် ပျော်ရွှင်ဖွယ်မိသားစု ဘဝလည်း ဆုံးရှုံးတော့မှာ မဟုတ်ပါဘူး ..။

Credit : Yangonlife



lutawlupyaw

No comments:

Post a Comment