" အဆင်တန်ဆာဆိုတာ "
လက်၏ အဆင်တန်ဆာသည် လက်စွပ် လက်ကောက်မဟုတ်
ပေးကမ်းစွန့်ကျဲခြင်းသာ ...။
နား၏ အဆင်တန်ဆာသည် နားကပ် နားဋောင်းမဟုတ်
တရားနှင့် ပညာရှိစကား ကြားနာခြင်းသာ ...။
ပါးစပ်၏ အဆင်တန်ဆာသည် ဆိုးဆေးတို့ မဟုတ်
မှန်ကန်သော သစ္စာစကားပြောကြားခြင်းသာ ...။
ကိုယ်၏ အဆင်တန်ဆာသည် ဘယက် ဒွာဒရာမဟုတ်
မေတ္တာ ကရုဏာဖြင့် သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်းသာ ...။
(သပြေကန်ဆရာတော်)
lutawlupyaw
No comments:
Post a Comment