" ယောင်္ကျားတို့၏ ညှို့ချက်များ "
ညှို့ချက်(၁) တစ်ချို့ယောင်္ကျားတွေက မျက်နှာမှာ အမြဲပြုံးရွှင်နေတတ်ပြီး မိန်းမတွေအပေါ် ဖော်ရွေအလိုက်သိတတ်တယ် ။ဒါက နံပါတ် ၁ အချက်ပေါ့နော် (မျက်နှာမြင် ခိုင်းချင်ပါစေ ဆိုတဲ့ ရုပ်လေးတွေပေါ့ )
ညှို့ချက် (၂) တစ်ချို့ကျတော့ စကားပြောရင် အသံတိုးတိုးလေးနဲ့ စတိုင်ထုတ်ပြောတတ်ကြတယ်။ ဒါက ချစ်သူမရှိသေးတဲ့အချိန် ၊ချစ်သူနဲ့ ဖုန်းပြောတဲ့အချိန်တွေမှာ ပိုသိသာပါတယ် နှုတ်ခမ်းလေးမလှုပ်တလှုပ်ပြောတာမျိုးပေါ့။ (အိမ်ထောင်ကျရင် အသားကုန် အော်ပြောမယ့် နှုတ်ခမ်းများ ပိုင်ရှင်ပါ။ မိန်းကလေးများ သတိထားနိုင်ပါစေ)
ညှို့ချက် (၃) တစ်ချို့က မိန်းကလေးတွေရှေ့ရောက်ရင် မျက်နှာထားခပ်တည်တည်နဲ့ ပေါင်ချိန်မျက်နှာပေးမျိုး ထားတတ်ကြပါတယ် ၊ ဒါကလည်း မိန်းကလေးတွေကို စွဲဆောင်နည်းတစ်မျိုးပေါ့ (အိမ်ထောင်ကျမှ တစ်နိုင်ငံလုံး သူ့လုပ်စာစားနေတာကျနေတာပဲဆိုပြီး မိန်းမ မျက်စောင်းစာမိမဲ့ ညှို့ချက်လေးတွေပေါ့ ။ မိန်းကလေးများ စဉ်းစားတတ်ပါစေ )
ညို့ချက် (၄) တစ်ချို့ယောင်္ကျားတွေက မျက်စိတစ်ဖက်မှိတ်ပြဟန် ၊ သွားပေါ်အောင်ပြုံးပြီး အူလှိုက်သည်းလှိုက်ရယ်မောတတ်ကြတယ်၊ ဒါက ပုရိသတို့ရဲ့ ညှို့ချက်တစ်ခုပဲပေါ့ (သူပြုံးနေတဲ့ပုံကိုကြည့်ပြီး ကိုယ်ပါလိုက်ပြုံးမိရင်း.. မသိစိတ်က သူနဲ့အတူပျော်နေတတ်တဲ့ ညှို့ချက်မျိုး မိန်းကလေးများ သတိထားတတ်ပါစေ )
ညို့ချက် (၅) တစ်ချို့ယောင်္ကျားတွေက လမ်းလျှောက်ရင် ဖိနပ်နဲ့လမ်းကိုအတင်းရှပ်တိုက်ပြီး အသံထွက်အောင် လမ်းလျှောက်တတ်တယ်... ဒါမှ မိန်းကလေးတွေက ဘယ်သူများလဲဆိုတဲ့သဘောနဲ့ လှည့်ကြည့်တတ်ကြတယ်... ဒါက အာရုံတွေ မြန်မြန်ဂရုပြုနိုင်တဲ့ ညှို့ချက် (နောက်မှ ဖိနပ်ခဏခဏ ၀ယ်ပေးရလွန်းလို့ မိမိရဲ့ မိတ်ကပ်ဖိုး လျှော့နည်းစေနိုင်တာ မိန်းကလေးများ တွေးနိုင်ပါစေ )
ညှို့ချက် (၆) တစ်ချို့ယောင်္ကျားတွေက စကားကို ဘုဂလန့်ဂျစ်ကန်ကန် ပြောတတ်ကြတယ်။ ဒါကလည်း မိန်းကလေးတွေရဲ့စိတ်ကို စွဲဆောင်ထားနိုင်တဲ့ ညှို့ချက်တစ်ခုပါပဲ ။( ချစ်နေတုန်းကတော့ ဂျစ်ကန်ကန်ကောင်လေးဆိုပြီး ချစ်တတ်ကြပေမယ့် အချိန်ကြာလာရင်တော့ တဇောက်ကန်း အစွန်းရောက်လို့ မြင်လာတတ်လို့ မိန်းကလေးများ ရေရှည်သတိမူနိုင်ပါစေ )
ညှို့ချက် (၇) တစ်ချို့ယောကျွားတွေက မျက်လုံးစူးစူး အကြည့်စူးစူးတွေနဲ့ ကျော့ကွင်းမိတဲ့ သမင်ငယ်ကိုကြည့်တဲ့ အကြည့်မျိုးနဲ့ မိန်းကလေးတွေကို လွှမ်းမိုးကြည့်တတ်တယ် ။ ဘယ်လိုပြောရမလဲ စိုးစန္ဒာထွန်း သီချင်းလိုပေါ့နော် (သူ့အကြည့်အောက်မှာတင် အရည်ပျော်ကြတတ်တာမို့ တတ်နိုင်သမျှ မျက်လုံးချင်းစုံမကြည့်မိပါစေနှင့် )
ညှို့ချက် (၈) တစ်ချို့ယောင်္ကျားတွေက အ၀တ်အစားဒီဇိုင်း ဆံပင်ဒီဇိုင်းအားလုံး ခေတ်ရှေ့ပြေးတတ်လွန်းကျတယ်။ အများကြားမှာ ထင်းကနဲ လင်းကနဲ သိသာနေစေတဲ့ ညှို့ချက် တစ်ခုပေါ့ (အိမ်ထောင်ကျရင် မှန်လုနေရမယ့်ကိန်း မိန်းကလေးများ သိကြပါစေ )
ဤသို့ဤပုံနှင့် ညှို့ကွင်းသို့ သက်ဆင်းရလေတော့၏
Anyarthu Yaynantharthu
Sunday, March 1, 2015
" ယောင်္ကျားတို့၏ ညှို့ချက်များ "
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment