Thursday, March 19, 2015

"အသက် ၂၅ နှစ်မတိုင်မီ လက်ထပ်သင့်သော အကြောင်းရင်း ၇ ချက်"

"အသက် ၂၅ နှစ်မတိုင်မီ လက်ထပ်သင့်သော အကြောင်းရင်း ၇ ချက်"

ယခုခေတ်လူငယ်တွေက တော်ရုံနဲ့ လက်မထပ်ကြတော့ပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ ပြောစရာတောင်မလိုဘူးလို့ထင်ပါတယ်။

ကုန်ဈေးနှုန်းကကြီး စားစရိတ်၊နေစာရိတ်ကို ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲဆိုတာကို နေ့စဉ်ရက်ဆက် စဉ်းစားနေရလို့ပါ။
ဒါပင်မဲ့ အသက်ငယ်ငယ်မှာ လက်ထက်ရင် အကျိုးရှိမယ့်အကြောင်းလေးတွေကိုလည်း တင်ပြပါရစေ။
 
၁. နှစ်ယောက်အတူတူနေတော့ အိမ်လခ သက်သာပါတယ်။

လက်ထပ်ပြီး နှစ်ယောက်အတူတူ အလုပ်လုပ်ပြီး ပိုက်ဆံစုမယ်ဆိုရင်တော့ အိမ်လခလည်း သက်သာမှာ ဖြစ်သလို အိမ်အလုပ်လေးတွေကိုလည်း တာဝန်ခွဲယူပြီး နေသွားနိုင်ပါတယ်။
 
၂. အကျင့်လေးတွေကို ပြင်လိုက်ကြရအောင်။

ငယ်ငယ်နဲ့ လက်ထပ်လိုက်တော့ လူငယ်အချင်းချင်းဖြစ်တာကြောင့် အတွေးအခေါ်ပိုင်းကို တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင် ပြောင်းလဲယူသွားနိုင်တာကြောင့် ဘဝရဲ့ရည်မှန်းချက်ဆီသို့ တန်းတန်းမတ်မတ် ရောက်မှာ အမှန်ပါ။
 
၃. လင်နဲ့မယား ဘဝရဲ့ အတွေ့အကြုံတွေကို ခံစားကြည့်ကြရအောင်။

သူငယ်ချင်းဘဝကတည်းက အတူတူနေထိုင် စားသောက်လာရာကနေ လက်ထပ်လိုက်ပြီဆိုရင် နှစ်ယောက်စလုံးဟာ ဘဝရေစီးကြောင်းမှာ မှန်မှန်ကူးနိုင်အောင် တစ်ယောက်နှင့်တစ်ယောက်
သူငယ်ချင်းတွေလည်းဖြစ် ချစ်သူတွေလည်းဖြစ်တော့ ပိုပြီးခိုင်မြဲသော သံယောဇဉ်တွေနဲ့ အခက်အခဲကို ကျော်လွှားနိုင်မှာပါ။
 
၎. ငယ်တုန်းဆိုရင် ကလေးထိန်းနိုင်သည်။

ကလေးကိုကြည့်ရတာဟာ စိတ်ကောလူကော မောမှာဖြစ်တာကြောင့် အသက်ငယ်တုန်းမှာ ကလေးကိုယူထားရင်တော့ ခံနိုင်ရည်ရှိမှာပါ။
နို့တိုက်အရွယ်ကလေးအရွယ်ဆိုရင် နေ့နှင့်ည ကိုမှားတဲ့အခါမျိုးလည်း ရှိတာကြောင့် အသက် ၃၀ မတိုင်မီမှာ ကလေးကို ယူနိုင်ရင်တော့ အကောင်းဆုံးပါ။

၅. မိခင်တွေလည်း အလုပ်ပြန်လုပ်နိုင်ပါတယ်။

ယခုအခါမှာ အလုပ်မှာ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်လည်း အလုပ်ခွင့်ကိုပေးတဲ့အတွက် ကလေးမွေးဖွားပြီး အချိန်အတိုင်းအတာ တစ်ခုအနားယူပြီးလျှင် အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်နိုင်တဲ့ အခွင့်အရေးတွေလည်းရှိလာပြီး ဖြစ်သောကြောင့် အသက် ၃၀ မကျော်မီ ကလေးယူလိုက်ရင်လည်း အလုပ်ပြန်လုပ်နိုင်မှာပါ။

၆. ကလေးတွေ အရွယ်ရောက်ရင် မိဘတွေက အသက် ၄၀ ပတ်ဝန်းကျင်ပဲရှိနေမှာပါ။

ကလေးတွေ အရွယ်ရောက်ချိန်မှာ မိဘတွေက အသက် ၄၀ ပတ်ဝန်းကျင်ပဲရှိအုံးမှာဆိုတော့ ကိုယ့်ရဲ့အလုပ်ကိုသော်လည်းကောင်း လင်မယားနှစ်ယောက် ကိုယ်ပိုင်အချိန်လေးကို
ပိုပြီး ပိုင်ဆိုင်နိုင်မှာပါ။

၇. ပိုက်ဆံမရှိသော အချိန်မှာ ကြိုးစားပြီး ပိုက်ဆံရှိသော အသက်အရွယ်မှာတော့ လွတ်လပ်သွားမှာပါ။

လူငယ်ဘဝမှာတော့ ပိုက်ဆံမရှိလည်း ပျော်အောင်နေတတ်ပါတယ်။ ကလေးအတွက်လည်း အပင်ပန်းခံနိုင်ပါတယ်။ အသက် ၄၀ ကျော်ပြီး ပိုက်ဆံလေးလည်း နည်းနည်းရှိလာချိန်မှာတော့ ကိုယ်နဲ့ ဇနီးအတွက်ကို အေးအေးဆေးဆေး စဉ်းစားလာနိုင်သော အချိန်ကောင်းဖြစ်မှာပါ။

အသက်ငယ်စဉ်အချိန်မှာ အချစ်ရေးထက် ပညာရေးကို ဦးစားပေးပါလို့ မိဘတွေက သင်ကြားဆုံးမကြပါတယ်။

ငယ်တုန်း အိမ်ထောင်ပြုတာကောင်းသလား ပြည့်စုံမှ အိမ်ထောင်ပြုတာကောင်းသလား ဆိုတာကတော့ လူအမျိုးမျိုးမှာ ထင်မြင်ချက်လည်း အမျိုးမျိုးရှိမှာပါ။
ဘယ်လို အကျိုးကျေးဇူးလေးတွေရှိပြီး ကောင်းတယ် မကောင်းဘူးကိုတော့ မိမိကိုယ်တိုင်သာ ဆုံးဖြတ်ဖို့ လိုပါလိမ့်မယ်။

Chelmo Team
Credit. tabi-labo



lutawlupyaw

No comments:

Post a Comment