လူတစ်ယောက်ကို တိုက်ဆိုင်မှုမရှိပဲ
လွမ်းမိသွားတာက အပြစ်တခုမဟုတ်ပါဘူးချစ်သူ
မလိုချင်ပါပဲနဲ့ ပိုင်ဆိုင်နေရတဲ့
အလွမ်းတွေကြားထဲမှာ စိတ်ကို အလိုလိုက်မိတဲ့အခါတိုင်း
သတိရနေမိတတ်တဲ့ ခံစားချက်လေးကို
ဥပေက္ခာမပြုတက်တာကပဲ အပြစ်တစ်ခုဖြစ်မှာပါ
ဖုန်းပြောရင်းနဲ့ မိန်းမ ဘာလုပ်နေလည်းလို့မေးခံရရင်
ယောက်ျားရော ဘာလုပ်နေလဲလို့ ခပ်တည်တည်နဲ့ ပြန်မေးမိတယ်
ကြည်နူးတာပေါ့ ချစ်သူဘဝမှာ ရင်ခုန်ခြင်းဆိုတာ ဒါတွေလည်း ပါမယ်ထင်ပါတယ်
တခါတလေ စိတ်ဆိုးဆိုးနဲ့ ဖုန်းပိတ်အိပ်မိတဲ့အခါတိုင်း
ပြန်ဖွင့်တိုင်း miss call ဖြစ်ဖြစ် message ဖြစ်ဖြစ်
အရင်ဆုံးမြင်ချင်မိတယ်
ပျော်တာပေါ့ ချစ်သူဘဝမှာ ရန်ဖြစ်ပြီး ပြန်ချစ်ရတဲ့
အခိုက်အတန့်လေးတွေဆိုတာ ဒါတွေလည်း ပါမယ်ထင်ပါတယ်
တခါတလေ ပြောခဲ့ဖူးတာလေးတွေ ပြန်သတိရတယ်
အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံလေးတွေပြန်ကြည့်တယ်
ဟုတ်တယ် တမ်းတမှုဆိုတာ
ငါ့အတွက် အနက်အဓိပ္ပာယ်ဖွင့်ရင်
အတူရှိနေစေချင်တာလို့ ပြောဖြစ်မယ်ထင်ပါတယ်
ဘာလို့လည်း ဆိုတော
ငါမှနင်နဲ့ အကြာကြီးခွဲပြီး လွမ်းနေရတာကို
လိုမှမလိုချင်မိတာလေ
~ပုံရိပ်စစ်
lutawlupyaw
No comments:
Post a Comment