" မိန်းမ မှတ်ဥာဏ် "
တခါက ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီးဆီသို့ အမျိုးသမီး လူနာ တဦး ဆေးခန်း လာပြသည်။ ဆရာဝန်ကြီးက ရာဘာလက်အိတ်ကို လက်မှာစွပ်ပီး လူနာကို ကြည့်လိုက်ရင်းက နောက်ပြောင်လိုသည့် သဘောဖြင့် ..
" ဒီလက်အိတ်ကို ဘယ်လို လုပ်တာလဲ သိလား.."
လူနာ အမျိုးသမီးက ခပ်ကြောင်ကြောင် ပုံစံဖြင့်
" ဘယ်လိုလုပ်သိမှာလဲ "
" မသိရင် ပြောပြမယ်..ဒီလက်အိတ်ကို လုပ်ဘို့အတွက် လူတစုဟာ နေအရမ်းသာနေတဲ့ နေရာကို သွားရတယ်၊ ပီးတော့ ရာဘာ အနှစ်ရည်တွေထဲကို သူတို့ရဲ့ လက်တွေကို ထည့်စိမ်ရတယ်..ပီးတော့ အဲ့ဒီလက်ကို လေထဲမှာ မြှောက်ပီး နေရောင်နဲ့ ခြောက်သွားအောင် ထောင်ထားရတယ်၊ ခြောက်သွားတဲ့ အခါကျတော့မှ ဒီလို ပုံစံလေးဖြစ်သွားတာပေါ့ (လက်ထောင်ပြလိုက်ရင်း)..အဲ့ဒီတော့မှ သူတို့နဲ့ မလှမ်း မကမ်းမှာ ရှိတဲ့ စက္ကူဗုံးထဲကို အဲ့ဒီလက်အိတ်တွေ ချွတ်ပီး ပစ်ထည့်ရတယ်..အဲ့ဒီနည်းနဲ့ ရာဘာလက်အိတ်ဆိုတာ ဖြစ်လာရတာ " လို့ ဆရာဝန်ကြီးက ခပ်တည်တည်နှင့် နောက်လိုက်သည်.။
ဆရာဝန်ကြီး စကားဆုံးပီးအတော်ကြာတဲ့အထိ လူနာအမျိုးသမီးက ငြိမ်နေပီးတော့မှ ရုတ်တရတ် ခွီးခနဲ ထရီတယ်....
ဆရာဝန်ကြီး , " အွန် .. ဘာလို့ရီတာလဲ ..မယုံလို့လား.."
လူနာအမျိုးသမီး , " မဟုတ်ပါဘူး ဆရာရယ်.၊ ဆရာပြောတာနဲ့ ဆက်စပ်ပီး ကွန်ဒုံးကို ဘယ်လိုလုပ်တာလဲဆိုတာကိုပါ တွေးမိလို့ပါ.."
( မှတ်ချက် ။ ။ အမျိုးသမီးများဟာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဦးနှောက်ကောင်းတယ် ဆိုတာလေး ပြောပြချင်လို့ပါ..)
Credit: Burmese Treasure
Tuesday, March 3, 2015
" မိန်းမ မှတ်ဥာဏ် "
Labels:
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment