Thursday, March 31, 2016
"ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး"
"ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး"
ကွမ်းရွက်ဟာ ဆေးဖက်ဝင်တာ သိပြီးသားဖြစ်ပေမဲ့ သုံးပုံသုံးနည်းလေးတွေ ဖြစ်ပါတယ်။
၁- ကွမ်းရွက်ညှစ်ရည်ကို ပျားရည်နဲ့ရောပြီး သောက်ရင် ကလေးတွေမှာ ဖြစ်တဲ့ အစာမကြေတာတွေ၊ လေပွတာတွေ၊ ဝမ်းသွားတာတွေ ပျောက်ပါတယ်။
၂- မီးယပ်ကြောင့် စိတ်မငြိမ်မသက် ဖြစ်တာမျိုးရှိရင် ကွမ်းရွက်ညှစ်ရေကို နွားနို့နဲ့ သောက်ပေးရပါတယ်။
၃- ကွမ်းရွက်ညှစ်ရည်ကို ချင်းပြုတ်ရည်နဲ့ရောပြီး သိန္ဓောဆား အနည်းငယ်ထည့်သောက်တဲ့အခါ ပန်းနာရင်ကြပ်နဲ့ ကြက်ညှာချောင်းဆိုး ပျောက်ပါတယ်။
၎- ကွမ်းရွက်ကို နနွင်းနဲ့ကျိုပြီး ဆားနည်းနည်း ခပ်သောက်ရင် ဖျားနာရောဂါ ပျောက်ပါတယ်။
၅- ကွမ်းရွက်ကို မီးကင်ပြီး အုန်းဆီဆွတ်ကာ ကလေးတွေငယ်ထိပ်မှာ ကပ်ပေးထားရင် နှာစေးတာ ပျောက်ပါတယ်။
Photos & Source: Burmese Medical Plants
Credit: duwun
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment