Wednesday, March 18, 2015

"ကြော်ငြာဟူသည်"

"ကြော်ငြာဟူသည်"

သတင်းစာထဲ ကြော်ငြာတစ်ခုပါလာတယ်... ...

'ဘီယာဆိုင်သစ် ယနေ့ည ဖွင့်ပြီ။
လှပျိုဖြူလေးများရဲ့ အက အလှ တေးသံသာများနဲ့အတူ
ထူးထူးခြားခြားလေးဖြစ်အောင် အပေါ်ပိုင်း ဗလာကျင်းထားပါတယ်'...တဲ့

ညရောက်တော့……
ဆိုင်ထဲလာရောက်အားပေးသူ ယောက်ျားတွေအပြည့်
ထိုင်စရာနေရာမရတဲ့လူတွေက တက်တခေါက်ခေါက်
ခက်တာက...
စာပွဲထိုးကောင်မလေးတွေရော သီချင်းဆိုတဲ့ ကလေးမတွေရော လုံလုံခြုံခြုံဝတ်ထားတယ်

ဆိုတော့……
မဟာပုရိသပရိတ်သတ်က ဆိုင်မန်နေဂျာကို မေးတော့တာပေါ့...

'မင်းတို့ကြော်ငြာထားတော့ အပေါ်ပိုင်း ဗလာကျင်းဆို... ခု ဘယ်မလဲ ပြစမ်း'

အဲဒီတော့
ဆိုင်မန်နေဂျာက အပေါ်ကိုလက်ညိုးထိုးပြပြီး ပြောတယ်...

'အပေါ်ပိုင်းဗလာကျင်းထားတယ်ဆိုတာက ကျနော်တို့ဆိုင်ကိုပြောတာ။ သေချာကြည့် အမိုးမိုးမထားဘူး'

'ငင်...'

သန်၎ကို - ရမ်းဘာသာပြန်သည်။



lutawlupyaw

No comments:

Post a Comment