"ဆယ်ကျော်သက်တွေ ကိုယ့်အသားကိုယ် နာကျင်အောင် ဘာကြောင့် လုပ်ကြတာလဲ"
ဆက်ကျော်သက်အချို့ဟာ အထီးကျန်ခံစားရမှု၊ ဒေါသ၊ မျှော်လင့်ချက်မဲ့မှုတွေ မေ့ပျောက်သွားနိုင်ဖို့ သူတို့အသားကို နာကျင်အောင် ကိုယ့်ဘာသာကိုယ် လုပ်တတ်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားရလို့ပါ။ သူတို့ဟာ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ချစ်ခင်မှု မရဘူးလို့ ခံစားရတတ်ပြီး အစားအသောက်ပျက်မှုကြောင့် စိတ်ပိုင်း၊ ကိုယ်ခန္ဓာပိုင်း၊ လူမှုဆက်ဆံရေးပိုင်း အားနည်းလာတတ်ကြကာ အရက်၊ မူးယစ်ဆေး သုံးစွဲလာတတ်ကြပါတယ်။ နောက်ပြီး တဖြည်းဖြည်းနဲ့ မူးယစ်ဆေးရဲ့ သားကောင်ဘ၀ ရောက်သွားတတ်ကြပါတယ်။
တစ်ချို့ဆက်ကျော်သက်တွေဟာ အပြင်မှာ ဒေါသပေါက်ကွဲ၊ မိမိခံစားချက်ကို ပွင့်လင်းစွာပြောခွင့် မရှိတဲ့အခါ အတွင်းစိတ်ထဲမှာ မျိုသိပ်ရတာ များလာတဲ့အတွက် ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်မိကြပါတယ်။
ဒီလို မိမိကိုယ်ကို နာကျင်အောင်လုပ်လို့ ဖြစ်ပေါ်လာတဲ့ အပြင်ပိုင်း နာကျင်ခံစားမှုကြောင့် အတွင်းပိုင်း စိတ်နာကျင် ခံစားရမှု ဖြစ်သော ပူဆွေးဝမ်းနည်းမှု၊ စိုးရိမ်သောက စသည်တို့ကို သက်သာစေနိုင်တယ်လို့လည်း ဆက်ကျော်သက် အချို့က ဆိုကြပါတယ်။ တစ်ချို့ကလည်း စိတ်ဓာတ်စွမ်းအား ကျဆင်းမှု ပြသနာကို ဖြေရှင်းနိုင်ဖို့ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ပြီး နာကျင်ခံစားရမှုကို အာရုံလွှဲကာ စိတ်ဓာတ် ပြန်ခိုင်မာလာအောင် လုပ်ကြပါတယ်။ တစ်ချို့ကတော့ သူများ လုပ်တာတွေ့မိလို့ လိုက်လုပ်ကြကြောင်း သိရပါတယ်။
သင်ဟာ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်တတ်တဲ့ အကျင့်ရှိနေရင်တော့ ဒီအကျင့်ကို ဖြတ်ဖို့လိုပါတယ်။
စိတ်ခံစားမှုပြဿနာကို ဒီနည်းလမ်းနဲ့ မဖြေရှင်းသင့်ပါဘူး။ မိမိ၏ မိဘ၊ ဆရာဝန်၊ မိမိယုံကြည်ထိုက်တဲ့ လူကြီးတစ်ဦးဦး (သို့) ဘာသာရေး ခေါင်းဆောင်တစ်ဦးဦးထံ တင်ပြသင့်ပါတယ်။
Credit : TrendMyanmar
lutawlupyaw
No comments:
Post a Comment