"ပညာခန်းပါသော ရည်းစားစာ"
ဒီရည်းစားစာလေးကို ဖတ်ကြည့်လိုက်ပါဦး သူငယ်ချင်းတို့ရေ … ဒါက ကောင်လေး တစ်ယောက်က သူ့ချစ်သူ
ကောင်မလေးဆီကို ပို့တဲ့ စာလေးပါ …… ကောင်မလေးအဖေက သူတို့နှစ်ယောက်ကို သဘောမတူဘူးလေ…. သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို ခွဲဖို့ ကြိုးစားနေတယ်ပေါ့ ….. ကောင်မလေးဆီရည်စားစာ ပို့ရင်လည်း သူမ အဖေက ကြားကနေ ခိုးဖတ်ဦးမှာ သိနေတယ်…….. ဒီတော့ ဘယ်လိုလုပ်ရမလဲ ….. မတတ်နိုင်ဘူးလေ… အဖေအကြိုက်ရေးပေးရ မလား??? ချစ်သူလေးအကြိုက် ရေးပေးရမလား???? ကောင်လေးတွေရေ …ဒီလိုအခြေအနေမှာဆို ဘယ်သူ့အတွက် ရေးမလဲ??? ကောင်မလေးတွေရော …… ဒီလိုစာမျိုး ကိုယ့်ချစ်သူက ကိုယ့်အတွက်ပေးတယ်ဆို ဘယ်လိုခံစား ရမလဲ ..
ဟုတ်သော်ရှိ.. မဟုတ်သော်ရှိ… ကဲ … အရင်ဖတ်ကြည့်လိုက်ပါဦးနော်…..
၁. ကောင်မလေးရေ …. နင့်အတွက် ဖြစ်တည်တဲ့ ငါ့ရဲ့ ချစ်ခြင်းတွေက
၂. သေဆုံးသွားပြီဟာ… နင့်အပေါ်မချစ်မနှစ်သက်မှုတွေကသာ
၃. နင့်ကို တွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ပိုပို တိုးပွားလာတယ်
၎. နင့်မျက်နှာကို တောင် မကြည့်ချင်လောက်အောင် ဖြစ်နေပြီကွာ
၅. ငါ အဖြစ်ချင်ဆုံးတစ်ခုတည်းသောဆန္ဒက
၆. (နင့်ကလွဲပြီး) တခြားမိန်းကလေးတွေကို ပဲကြည့်နေချင်တော့ တယ်….
ငါဘယ်တော့မှ မလုပ်ချင်တဲ့အရာကတော့
၇. နင့်ကို လက်ထပ်ရမှာကိုပါ… ငါတို့နောက်ဆုံးတွေ့ဖြစ်ကြတဲ့အခေါက် ပြောခဲ့တဲ့စကားတွေက
၈. တော်တော်ကိုစိတ်ပျက်ဖို့ကောင်းတယ်ကွာ…. ကောင်မလေး …ငါဘဝမှာ သေဆုံးသွားတဲ့အရာက
၉. နင့်ကို အမြဲတွေ့ချင်တဲ့ မျှော်လင့်ခြင်းတွေပဲလေ…..
၁၀. မင်းက မင်းအဖို့ပဲသိတဲ့ သူ
၁၁. တကယ်လို့သာ ငါတို့လက်ထပ်မယ်ဆိုရင်… ငါသိတယ် ငါတွေ့ရမယ့်
၁၂. ဘဝရဲ့ ခက်ခဲခါးသီးမှု… သေဆုံးနိုင်မယ့်
၁၃. ပျော်ရွှင်ခြင်းတွေ ..(မင်းနဲ့ အတူတူနေရင်းနဲ့ပေါ)့..
ငါနှလုံးသားထဲက တစ်ခုတည်းသောအချစ်
၁၄. နင့်အတွက် လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိ ကိုပဲ
၁၅. နင့်ကို ထာဝရ ပေးချင်တယ်… ဘယ်သူကမှ နင့်လောက်
၁၆. မမိုက်မဲဘူး ..တစ်ကိုယ်ကောင်မဆန်ဘူး… ပြီးတော့ နင်
၁၇. ငါ့ ကို ဂရုမစိုက်ဘူး .. မကူညီနိုင်ဘူး
၁၈. နင် အရိုးရှင်းဆုံး နားလည်ထားဖို့က
၁၉. ငါ အမှန်တွေကိုပဲ ပြောတတ်တယ် ကောင်မလေးရယ် …ဒီတော့ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ….
၂၀. ငါတို့ဇာတ်လမ်းပြီးဆုံးတာကို နင့်သိနေပြီဆိုမှတော့ ထပ်တွေ့ရဖို့.. စာတွေပို့ဖို့ .. မကြိုစားပါနဲ့တော့ဟာ….
၂၁. နင်ရဲ့ပြန်စာတွေထဲက စကားလုံးတိုင်းဟာ
၂၂. ငါ့အတွက် စိတ်ဝင်စား ဖို့ လုံးဝမကောင်းတော့ဘူး … မင်းမှာမရှိနိုင်တဲ့အရာက
၂၃. ငါမျှော်လင့်တဲ့ အချစ်စစ်စစ် တွေပဲ ကောင်မလေးရေ… … အကြွင်းမဲ့ယုံပါတော့ကွာ ….
၂၄. ငါ နင့်ကို ဘယ်လိုမှ ခံစား လို့မရဘူးတော့ဘူးဆိုတာကိုပေါ့... ကျေးဇူးပြုပြီး ဆက်တွေး မနေနဲ့ဦးနော်
၂၅. ဘာတွေဘယ်လိုဖြစ်ဖြစ် ငါက မင်းရဲ့ ချစ်သူ အဖြစ် ရှိနေသေးတယ်လို့ …
Bye …
သိပ်ဆိုးတဲ့ စာဆိုပြီး .. စိတ်ဆိုးမယ် မကြံနဲ့ လေကွယ် ……
ဟဲဟဲ ကောင်လေးက စာမပေးခင် ကောင်မလေးကို ပြောခဲ့ပါတယ် … "မ" ဂဏန်းကျတဲ့ စာကြောင်းတွေပဲ ဖတ်ပါတဲ့
(၁. ၃. ၅. ၇. ၉. ၁၁. ၁၃. ၁၅. ၁၇. ၁၉. ၂၁. ၂၃. ၂၅) ….. အဲဒါတွေက ကောင်မလေးအတွက် ပေါ့ …..ပြန်ဖတ် လိုက်ပါဦး ….
ဘယ်လောက်ချိုတဲ့ အချစ်တွေလည်းဆိုတာ သိသွားအောင်…… နှစ်ခါဖတ်ရလို့ စိတ်မဆိုး ရဘူးနော်…
အလွတ်ရအောင် ကျက်တယ်လို့ ပဲမှတ် … :P
Credit : ဟာသရပ်ကွက်
lutawlupyaw
No comments:
Post a Comment