Saturday, March 21, 2015

"လူမှုပတ်ဝန်းကျင်တစ်ခုလုံး တစ်နေ့တစ်ခြား တိုးတက်အောင်မြင်လာအောင် ကျွန်တော်တို့ ဘာတွေလုပ်ဖို့ လိုသလဲ ?"

"လူမှုပတ်ဝန်းကျင်တစ်ခုလုံး တစ်နေ့တစ်ခြား တိုးတက်အောင်မြင်လာအောင်
ကျွန်တော်တို့ ဘာတွေလုပ်ဖို့ လိုသလဲ ?"

၁။စာမတတ်တဲ့ လူတွေ စာတတ်လာအောင်
ကူညီ တွန်းအား ပေးကြဖို့ လိုတယ် ...

၂။စာတတ်တဲ့ လူတွေလည်း စာဖတ်လာအောင်
ကူညီ တွန်းအား ပေးကြဖို့ လိုတယ် ...

၃။စာဖတ်သူတွေလည်း ကိုယ်တိုင်တွေးခေါ် ဆင်ခြင်တတ်လာအောင်
ကူညီ တွန်းအား ပေးကြဖို့ လိုတယ် ...

၎။တွေးခေါ် ဆင်ခြင်တတ်ပြီဆိုသူတွေလည်း
လက်တွေ့ လုပ်ဆောင်ကြဖို့ လိုတယ် ...

၅။လက်တွေ့လုပ်ဆောင်ကြသူတွေလည်း ရေရှည် တောင့်ခံနိုင်ပြီး အောင်မြင်ကြဖို့ လိုတယ် ..

၆။တကယ် အောင်မြင်ပြီး သူတွေကလည်း
သူတို့ ဘယ်လိုအောင်မြင်အောင် လုပ်လာနိုင်ခဲ့သလဲ ဆိုတာကို အများကို ဝေငှပေးဖို့ လိုတယ် ...

၇။အောင်မြင်ချင်သူတိုင်းလည်း
သူတို့ ဝေငှပေးတာတွေကို နားလည် နည်းယူပြီး
သူတို့လို အောင်မြင်အောင် လုပ်နိုင်ဖို့
လူတိုင်း စာတတ်အောင် / စာဖတ်လာအောင်
ကျွန်တော်တို တွန်းအားပေးဖို့ လိုပါတယ် ...

ဒီအဆင့် ၇ ဆင့်ဟာ
ကျွန်တော်တို့ တွေ ...
ကျွန်တော်တို့ရဲ့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ ...
ကျွန်တော်တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ...
ကျွန်တော် တို့ရဲ့ လူမှုပတ်ဝန်းကျင် ...
ကျွန်တော် တို့ရဲ့ နိုင်ငံ ...
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး တစ်ခုလုံး
တိုးတက် အောင်မြင် ပျော်ရွှင်နေနိုင်ဖို့
တိုးတက်ရေး စက်ဝန်းတစ်ခု လို့ပဲ
ကျွန်တော် ယုံကြည်မိပါတယ် ...

စက်ဝန်း တစ်ခု ဖြစ်တည်အောင်မြင်ဖို့ အတွက်
အဆင့်တိုင်း အဆင့်တိုင်း အရေးကြီးတာမို့လို့ ...
အဆင့်တိုင်း အဆင့်တိုင်းကို ကိုယ်စီကိုယ်ငှ တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ကြဖို့လည်း လိုပါတယ်လို့ နှိုးဆော် တိုက်တွန်းရင်း ...

Credit to: sharingkozin



lutawlupyaw

No comments:

Post a Comment