"သင့်ကိုယ်သင်နေ့စဉ် ပြန်မေးသင့်သော မေးခွန်း (၅) ခု"
စီးပွားရေးလုပ်ငန်းတွေမှာ အောင်ချင်သူတွေအတွက်တော့ အခု အောက်မှာဖော်ပြထားတဲ့ မေးခွန်း (၅) ခုကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်ပါတယ်။ ဘ၀မှာအောင်မြင်တဲ့သူတွေက သူတို့တိုးတက်ဖို့ ပြန်ဆန်းစစ်တတ်ကြပါတယ်။ အကယ်၍သင်ဟာ ကုမ္ပဏီတစ်ခုကို ဦးစီးနေသူ၊ အဖွဲ့တစ်ခုကို ဦးစီးနေသူဆိုရင်တော့ ပိုပြီးတော့တောင် သင့်တော်ပါတယ်။
(၁) ဒီနေ့ငါ့ရည်မှန်းချက်အတွက် အလုပ်လုပ်ခဲ့ရဲ့လား?
သင်ရည်မှန်းထားတဲ့ ရည်မှန်းချက်တစ်ခုအတွက် ယနေ့ သင်ဘာလုပ်ခဲ့ပါသလဲ? သင်ရည်မှန်းချက် ထားတာကတော့ဟုတ်ပါပြီ။ ဒါပေမယ့် ရည်မှန်းချက်အတွက် သင် ပုံမှန်အားထုတ်မှု ရှိရဲ့လား အရေးကြီးပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေကို စိတ်ထဲမှာ တစိုက်မတ်မတ်နဲ့ သတိရနေခြင်းက သင့်ကို ပိုကြိုးစားဖို့ အားတွေဖြစ်စေပါတယ်။
(၂) ရပ်တန့်ဖို့လိုအပ်တဲ့ ဘာမကောင်းတဲ့အကျင့်တွေ ငါ့မှာရှိနေလဲ?
အကျင့်ဆိုးတွေကတော့ လူတိုင်းမှာ ရှိနေတတ်ပါတယ်။ သင့်မှာလည်းရှိတယ်၊ ကျွန်တော့်မှာလည်း ရှိတယ်။ လူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် အဲ့ဒိအကျင့်ဆိုးတွေက သူများတွေကို အနှောင့်အယှက် ပေးတတ်တယ်ဆိုရင်တော့ သင် ရပ်တန့်ဖို့ကြိုးစားသင့်ပါတယ်။ ဥပမာ သင်က သူများစကားပြောရင် ဆုံးအောင် နားမထောင်တတ်တဲ့သူ ဆိုရင်တော့ ဒါဟာ သူများအတွက် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူများကို စိတ်အနှောက်အယှက်ပေးနိုင်တဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပါ။
(၃) ဒီနေ့ ဘယ်အရာက ငါ့ကို အလုပ်လုပ်ဖို့ ခွန်အားပေးခဲ့တာလဲ?
သင်လိုချင်တဲ့ ပန်းတိုင်ဆီကိုရောက်ဖို့ဆိုတာ စိတ်ဓာတ်ခွန်အားလိုပါတယ်။ သင်ရဲ့ အလုပ်လုပ်ချင်စိတ်ကို ဖြစ်ပေါ်စေတာ ဘယ်လိုအရာမျိုးလဲ? မိသားစုလား၊ ချစ်သူလား၊ ညီမလေးလား၊ ဒါမှမဟုတ် အောင်မြင်ချင်တဲ့စိတ်လား? ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် သင့်ကို စိတ်အားတက်ကြွစေတဲ့ အရာတွေကို ပြန်စဉ်းစားပါ။ မှတ်သားထားပါ။
(၄) ငါဖြစ်ချင်ခဲ့တဲ့ လူတစ်ယောက်ပုံစံ ဖြစ်နေပြီလား?
ဥပမာ သင်က ကြင်နာပြီး၊ သည်းခံတတ်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုပါစို့။ သင်တကယ်ရော ကြင်နာမိရဲ့လား၊ သည်းခံမိရဲ့လား? ပြန်စဉ်းစားသင့်ပါတယ်။ သင်ဖြစ်ချင်တဲ့ လူတစ်ယောက်ရဲ့ပုံစံ ဖြစ်လာဖို့ သင့်ကိုယ်သင် အမြဲ ဆန်းစစ်သင့်ပါတယ်။
(၅) ဒီနေ့ငါဘာအမှားလုပ်ခဲ့လဲ? အဲ့ဒိအမှားကနေ ငါဘာသင်ယူနိင်လဲ?
ကျွန်တော်တို့အားလုံး အမှားတွေ၊ ကျရှုံးမှုတွေ ကြုံဖူးကြပါတယ်။ ဒါပေမယ့် အဲ့ဒိကျရှုံးမှုတွေ၊ အမှားတွေကို ဘယ်လိုတုန့်ပြန်လဲဆိုတာပဲ ကွာခြားကြပါတယ်။ ဒါ့ကြောင့် သင့်အမှားတွေကို သင့်အောင်မြင်မှုဆီ သွားဖို့ လှေကားများအဖြစ် ပြန်လည်အသုံးချပါ။
ကဲဒီနေ့ကစပြီး အိပ်ရာဝင်ခါနီးတိုင်း ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြရအောင်။
မိုးရှင်း (I.M.T)
www.myanmarlatestnews.com
lutawlupyaw
No comments:
Post a Comment