Friday, March 20, 2015

"တော်တော်လည်တဲ့ လူကြီး"

"တော်တော်လည်တဲ့ လူကြီး"

ရွာသူကြီးရဲ့ အိမ်ဘေးကို လူသစ်တစ်ယောက် ပြောင်းလာပါတယ်။ လူသစ်နဲ့သူကြီးရဲ့ ပြဿနာက နောက်တစ်ရက်မှာ စတွေ့ပါတယ်။ သူကြီးက
ကြက်ကြိုက်တတ်သူဖြစ်တာကြောင့် ကြက်တွေမွေးထားပါတယ်။ မနက်ခင်းကျတော့
လူသစ်က သူ့ခြံထဲရောက်နေတဲ့ကြက်ဥကို သူ့ကြက်ဥလို့ ဖင်ပိတ်ငြင်းတော့တာပဲ။

သူကြီးကလည်း မင်းမှာ ကြက်တစ်ကောင်မှမရှိဘဲ ဘယ်လိုလုပ်ပြီး ဥတာတုန်းလို့မေးတာပေါ့။ ဒီကောင်ကလည်း ခပ်ကြောင်ကြောင်ဆိုတော့ ငါ့ခြံထဲမှာ အုတဲ့ဥ၊ ငါ့ကြက်မရဲ့ဥ ဆိုပြီး အဆိုတော်အရိုးရဲ့သီချင်းလေးတောင်
ပြန်ဆိုပြလိုက်သေးတယ်။ ရူးသလိုပေါသလိုလုပ်ပြတာလေ။ ဒါနဲ့ သူကြီးက
ပြောလိုက်ပါတယ်။

”ကဲကဲ၊ ဒါဆို ငါတို့ရွာမှာ အငြင်းပွားတိုင်း ဖြေရှင်းတဲ့နည်းရှိတယ်။ အဲ့ဒါကတော့ တစ်ယောက်ပေါင်ကြားကို တစ်ယောက်က ကန်မယ်။
အမြန်ပြန်ထနိုင်တဲ့သူက ကြက်ဥကိုပိုင်မယ်လေ။ ကဲ ဘယ်လိုလဲ..သဘောတူလား”

လူသစ်က သဘောတူလိုက်တယ်။ ဒါနဲ့ သူကြီးက အရင်ကန်ဖို့ ပြင်လိုက်တယ်။
အလေးဆုံးနဲ့ အမာဆုံး ခုံဖိနပ်ကိုစီးပြီး နောက်ကို ခြေ (၅) လှမ်းလောက် ဆုတ်လို့ အရှိန်နဲ့ တအား ပြေးကန်လိုက်တယ်။ လူသစ်လည်းနာလွန်းလို့ ပေါင်ကြားကို လက်နဲ့အုပ်ပြီး အော်တော့တာပေါ့ ။

နာရီဝက်လောက်မှာ ပြန်ထလာပြီး သူကြီးကိုပြောလိုက်ပါတယ်။

”ကဲ .. ဒီတစ်ခါ သူကြီး အကန်ခံရမယ့်အလှည့်။ ကျွန်တော်ကန်မယ်”

သူကြီးက လေသံအေးအေးနဲ့ ပြန်ပြောလိုက်ပါတယ်။

”ကြက်ဥကို မင်းပဲ ယူလိုက်ပါတော့ကွာ”


Credit: ရဲစတိုင်း



lutawlupyaw

No comments:

Post a Comment