Friday, March 20, 2015

"ပျိုမေတို့ ...ဆွဲဆောင်နည်း"

"ပျိုမေတို့ ...ဆွဲဆောင်နည်း"

ယောင်္ကျားတစ်ယောက်ကို ကိုယ့်အနားမှာ အမြဲရှိနေဖို့ ဘယ်လိုဆွဲဆောင်ထားရမလဲ......
ယောင်္ကျားတွေကို ဆွဲဆောင်ထားနိုင်ဖို့အတွက် ခြေခံအချက် တစ်ချက်ပဲလိုအပ်ပါတယ်...။
အဲဒါ သူတို့ရဲ့အတ္တကို ဖွံ့ဖြိုးစည်ပင်လာအောင် ပြုစုပျိုးထောင်ပေးခြင်းပဲ။

ပြုစုပျိုးထောင်ပေးရမယ့် နည်းလမ်းအဖြာဖြာကတော့..

၁။ အားကိုး တကြီးအကြည့်ကလေးတွေနဲ့ ကြည့်တတ်ရမယ်။

၂။ အရာရာကိုသိနားလည်ပေးမယ့် ဘာမှမသိနားမလည်သယောင် ဟန်ဆောင်တတ်ရမယ်။

၃။ ကိုယ်ကဦးဆောင်နိုင်တဲ့ ကိစ္စတွေမှာလဲ... သူတို့ကို ရှေ့တန်းတင်တတ်ရမယ်။

၎။ သူတို့ကိုသွားပြီး ဆရာကြီးမလုပ်ပါနဲ့... အမြင်ကတ်ခံရလိမ့် မယ်။

၅။ သူတို့က ဆရာကြီးလုပ်နေတာကိုလည်း.... "သိသားပဲ" စတိုင်လ်သွားမဖမ်းနဲ့။ မသိချင်ဟန်ဆောင်ပြီး " ဟင်....ဟုတ်လား "၊ "ဟယ်...ဒီလိုလား " ၊ "အို.... အစက လုံးဝမသိဘူး" ဆိုတာမျိုး ဖော်လိုလေးတွေလိုက်ပေးရင်း သူတို့အတ္တကို ရေလောင်းပေးနိုင်ရမယ်။

၆။ ကိုယ်လုပ်တတ်တဲ့ကိစ္စလေးတွေကို မလုပ်တတ်ဘူးပြောပြီး မကြာခဏ ခိုင်းခိုင်းပေးပါ။

၇။ကိုယ့်ဘာသာစဉ်းစားဆုံးဖြတ်နိုင်တဲ့ ကိစ္စလေးတွေကို သူတို့နဲ့မကြာခဏ တိုင်ပင်အကြံတောင်းတတ်ရမယ်။

၈။အရေးကြီးဆုံးနဲ့ နောက်ဆုံးအချက်ကတော့ ကိုယ့်ဘဝမှာသူမရှိလို့ လုံးဝမဖြစ်ဘူးဆိုတာကို သူတို့ဦးနှောက်ထဲ အသည်းထဲစွဲနစ်နေအောင် တဖွဖွပြောနေဖို့ပါပဲ။

ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ဘဝမှာ သူမရှိလို့မဖြစ်ဘူး
သူသာလျှင်အားကိုးရာ ဆိုတဲ့အသိကို သူတို့ရင်ဘက်ထဲ စိုက်ဝင်စွဲမြဲနေအောင် စွမ်းဆောင်နိုင်ဖို့လိုတယ်။

ဒါ ယောင်္ကျားဆိုတဲ့မျိုးစားတွေကို ဆွဲဆောင်ထားနိုင်မဲ့ နည်းလမ်းတွေပါ။


Credit : Lamin Maung



lutawlupyaw

No comments:

Post a Comment