"ယောင်္ကျားလေးများ ရေတိမ်မနစ်စေဖို့"
(ဟာသ)
မိန်းကလေးများ၏ အယုံသွင်းစကားများကြောင့် သင့်ဘဝ ရေတိမ်မနှစ်ပါစေနှင့် .....
ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် မိန်းကလေးတွေဟာ ယောက်ကျားလေးတွေကို အယုံသွင်းတတ်ကြပါတယ်။ မိန်းကလေးတွေဟာ ယောက်ကျားလေးတွေရဲ့ ခန္ဓာကိုယ်ကို ရဖို့ဆိုရင် နည်းမျိုးစုံ ပြောဆိုတတ်ကြပါတယ်။ အဲလိုမျိုးစကားတွေကို ယောက်ကျားလေးတွေ ရှောင်နိုင်ရအောင်လို့ မျှဝေပေးလိုက်ပါတယ်။
၁။ မောင် ချစ်ဘယ်လိုမှ မနေနိုင်လို့ပါလို့ သင့်ကောင်မလေးကများ ပြောလာခဲ့ရင် သင်ပြန်ပြောရမဲ့ စကားက တစ်ခွန်းထဲပါ။ မင်းခေါ်တိုင်းလိုက်ရရင်အောင် ငါကိုဘယ်လိုကောင်များ မှတ်နေလဲလို့ ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်ပါ။ ဒါမှ သင့်ဘဝ ရေမရှိတဲ့ချောင်းမှာ နှာခေါင်းမနှစ်တော့မှာပါ။
၂။ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် စကားပြောချင်လို့ပါ လို့ပြောလာခဲ့ရင်ဘယ်တော့မှ မလိုက်ပါနှင့် သင်ဘဝ သူများတံတွေးခွက်မှာ မှောက်ရက်မျှောသွားပါလိမ့်မည်။ လူမြင်ကွင်းတွင်လည်း လွတ်လွတ်လပ်လပ်ပြောဆို၍ ရပါသည်။ သင့်ကို လိမ်ညာခေါ်ဆောင်နေသည်ကို သတိပြုမိပါစေ။
၃။ မောင့်ကို တကယ်ချစ်တာပါ၊ အရမ်းလည်းတန်ဖိုးထားပါတယ် လို့ ပြောဆိုလာလျှင် တကယ်ချစ်မချစ်ဆိုတာ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်တွေ့ရုံနှင့် သက်သေပြသည်မဟုတ်ပါ။ အချိန်တွေက အချစ်ကို တန်ဖိုးထားမထား ဆိုတာ အလိုလိုပေါ်လာပါလိမ့်မည်။ ပါးစပ်က ပြောနေသည်ထက် နှလုံးသားကပြောသည်ကမှ ပိုလေးနက်ပါလိမ့်မည်။
၎။ ချစ်ကို တကယ်ချစ်တာဆိုရင် အလိုလိုက်မှာပါနော်ဟု ပတ်ချွှဲနှပ်ချွှဲပြောနေတဲ့ စကားမျိုးကို မယုံကြည်မိပါစေနှင့်။ သင့်ကို အပြစ်မကင်းသလိုခံစားရအောင် ပြောတဲ့စကားမျိုးပါ။ အချစ်ဆိုတာကို ခုတုံးလုပ်ပြီးမိန်းကလေးတွေ အယုံသွင်းတာကို သင် သတိကြီးစွာ ထားကာမှ သင့်ဘဝ တန်ကာကျပေလိမ့်ပါမည်။
၅။ ချစ်နဲ့မောင်ရဲ့ ချစ်ခြင်းက ပိုလေးနက်လာမှာပါလို့ သင့်ရဲ့စောင့်စည်းထိမ်းသိမ်းလာတဲ့ အချစ်နဲ့ သိက္ခာကို ထင်ယောင်ထင်မှားဖြစ်အောင်ပြောဆိုပြီး သင်ရဲ့ အချစ်က မလေးနက်ဘူးထင်လာအောင် ဖျားယောင်းနေခြင်းကို သင်ရှောင်ကျဉ်နိုင်အောင် ထိန်းသိမ်းနိုင်ပါစေ။
၆။ မောင်ကလဲ သူများတွေလဲ ဒီလိုပဲနေကြတာပဲ လို့ ပြောဆိုလာလျှင် သူများကတာနဲ့ သင့်ကို ကိုင်ပေါက်လာပြီဆိုလျှင်တော့ အဲလိုအလွယ်တကူခေါင်းညိမ့်တတ်တဲ့ သူများတွေဆီပဲ သွားနေလိုက်တော့၊ ငါနဲ့လာမပတ်သတ်နဲ့တော့ ဟု ယောက်ျားမာနနှင့် ရဲရဲသာ ပြောပလိုက်ပါ။
၇။ ချစ် ဘယ်သူကိုမှ မပြောပါဘူး၊ ချစ်ကိုယုံပါ မောင်နဲ့ချစ်ကလွဲလို့ တစ်ခြားဘယ်သူကိုမှ မပြောပါဘူး ဟုပြောလာလျှင် အဲဒီ အချိန်ကာလလေးတစ်ခုအတွက်တော့ ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ ချစ်စိတ်မွှန်နေတဲ့အချိန်မှာ မှန်နိုင်ပေမဲ့ အဲဒါတွေပြီးတဲ့နောက်မှာတော့ သူတို့မိန်းကလေးတွေကြားထဲ ပြောနေပေလိမ့်မည်။ ငါ မောင့်ကို ဘယ်လိုလိမ့်ပြီးခေါ်သွားတာလေ လို့ သူအစွမ်းကို ထုတ်ပြောနေပေလိမ့်မည်။
အင်း အဓိကပြောချင်တာကတော့ အခုခေတ်ယောက်ကျားလေးတွေကို ယောက်ကျားသိက္ခာနဲ့ လူပျိုဘဝကို တန်ဖိုးထားစေချင်လို့ပါ။ အနောက်တိုင်းယဉ်ကျေးမှုတွေ လွမ်းမိုးလာတဲ့နောက်မှာ ယောက်ျားလေးတွေဟာ သိပ်ပြီးမထူးဆန်းတဲ့ကိစ္စလို့ ထင်လာမှာဆိုးလို့ပါ။ ယောက်ကျားလေး ဘဝဆိုတာ ကျောက်ပျဉ်ပေါ်က ကြက်ဥ ဖြစ်နေလို့ ကိုယ့်ကိုယ်တန်ဖိုးထားစေချင်တဲ့ စေတနာနဲ့ပါ။ လူရှေ့သူရှေ့တောင် မရှောင် ယိုသူမရှက် မြင်သူကြည်နေတဲ့အချိန်မှာ သင့်ကို ဆိတ်ကွယ်ရာ ခေါ်ဆောင်သွားပြီဆိုရင်တော့ ဘုရားသာ တပေတော့လို့သာပြော ချင်ပါတယ်။
အခုစာလေးက အမည်မသိ စာရေးဆရာကြီးတစ်ဦးရဲ့ စာစုလေးကို အတိုချုံ့ပြီး အသိပေးလိုက်တာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ အရွယ်ရောက်ပြီးယောက်ျားလေးတိုင်း ဖတ်ရှု့လိုက်နာသင့်ပါတယ်။
Credit : Chit Nyi Lay
lutawlupyaw
No comments:
Post a Comment