“အောင်မြင်တဲ့သူနဲ့ကျရှုံးတဲ့သူရဲ့ ကွာခြားချက်"
“ကျွန်တော်ချမ်းသာလာမယ်ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ကျွန်တော်ချမ်းသာလာမယ်ဆိုတာကို တစ်မိနစ်တောင် သံသယမရှိခဲ့ဘူးလို့ ကျွန်တော်ထင်တယ်ဗျ”
Warren Buffet
အထက်ပါစကားကတော့ Bill gates ကိုယ်တိုင် ယုံကြည်ကိုးစားတဲ့ …Warren Buffet ဆိုတဲ့ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီး ပြောခဲ့တဲ့စကားပါ။
သူဘာလို့ ချမ်းသာအောင်မြင်နေလဲဆိုတာ သူပြောခဲ့တဲ့ စကားကိုကြည့်ရုံနဲ့သိနိုင်ပါတယ်။ အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူမှာ ကွာခြားတာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ အောင်မြင်တဲ့သူက သူဘာပဲလုပ်လုပ် အောင်မြင်မယ်ဆိုတာကို အသည်းထဲက စွဲစွဲမြဲမြဲယုံကြည်နေပါတယ်။ သူ့ယုံကြည်ချက်အတွက် သူတာဝန်ယူရဲပါတယ်။ေ၀၀ါးမှုမရှိဘူး။ ယုံကြည်မှုကပြတ်သားလွန်းတယ်။ သူ့မှာ သူ့ယုံကြည်ချက်အတွက် ချမှတ်ထားတဲ့ အစီအစဉ်တွေလည်း ရှိတယ်။ အဲဒါတွေကိုလည်း မတွန့်မဆုတ် ဇွဲလုံ့လနဲ့ အချိန်တိုင်း လုပ်ဆောင်နေတယ်။
ကျရှုံးတဲ့သူကတော့ ဘာလုပ်လုပ် အောင်မြင်မှမဟုတ်ပါဘူးလို့ စိတ်ထဲမှာ တိတ်တိတ်လေး ယုံကြည်နေတယ်။ အဲဒိယုံကြည်ချက်လေး ကြီးမားလာအောင်လည်း အမျိုးမျိုးဆင်ခြေတွေ ပေးနေတယ်။ သူများစီးတဲ့ကား စီးချင်တာပဲသိတယ်။ အဲဒိကားစီးနေတဲ့သူ အဲဒိကားကို ဘယ်လိုရအောင်လုပ်ခဲ့လဲ မသိချင်ဘူး။ အဲ့လူကြိုးစားခဲ့သလောက် မကြိုးစားချင်ဘူး။ ဘယ်ဟာလုပ်လုပ်အမြဲတမ်း ပြီးဆုံးအောင်မလုပ်ဘူး။ အမြဲအရှုံးပေးတတ်တယ်။ ကံတရားကို ကိုးကွယ်လွန်းတယ်။
ဆိုးရိုးတစ်ခုရှိတယ်။
”အောင်မြင်ဖို့အတွက် ကံတရားလိုတယ်ဆိုတာကို ကျရှုံးတဲ့သူတိုင်းကို မေးကြည့်ပါ။ သူတို့ထောက်ခံလိမ့်မယ်တဲ့”
အဲဒိတော့ သင်ရောဘယ်လိုအမျိုးအစားထဲမှာ ပါပါသလဲ? အကယ်၍အောင်မြင်ချင်တယ် ဆိုရင်တော့ ပြုပြင်သင့်တဲ့အရာအချို့ကို စပြီးပြုပြင်ပါတော့။ အခုအောင်မြင်နေတဲ့သူတွေ အားလုံးလည်း ကျရှုံးဖူးကြပါတယ်။ ဒါပေမဲ့ သူတို့က အဲဒါကို ကျရှုံးတယ်လို့မယူဆပါဘူး။ မအောင်မြင်သေးတာလို့ပဲ ယူဆပါတယ်။
ဘာလို့လဲဆိုတော့ သူတို့ရင်ထဲအသဲထဲမှာ အောင်မြင်ရမယ်ဆိုတာကို ယုံကြည်ပြီးသားပါ။
“ကြီးမားသောအခက်အခဲများနှင့် ရင်ဆိုင်ဖူးသူသာ ကြီးမားသောအောင်မြင်မှုကို ရနိုင်သည်”
Credit : မိုးရှင်း(I.M.T)
lutawlupyaw
No comments:
Post a Comment