Thursday, March 19, 2015

"ကိုလူချောနှင့် လမ်းခွဲရန်"

"ကိုလူချောနှင့် လမ်းခွဲရန်"

ကိုယ့်အပေါ်အစစအရာရာ ဖြည့်ဆည်းပေးနေတဲ့ လူတစ်ယောက်နဲ့ လမ်းခွဲဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်လို့ အချစ်ရေးအချစ်ရာကျွမ်းကျင်သူ  ဒေါက်တာ Michelle Callahan က သူမရဲ့အကောင်းဆုံး အကြံပြုချက်တစ်ချို့ကို မျှဝေသွားပါတယ်။

လမ်းခွဲတော့မယ်ဆို ပထမဆုံး အရင်စဉ်းစားသင့်တာက မင်း သူ့ကိုစွန့်လွှတ်ဖို့ တကယ်အဆင်သင့်ဖြစ်ပြီလား ဆိုတာပါပဲ။ အခုသူနဲ့ချစ်ခဲ့မိတာဟာ အရင်လူတွေနဲ့ စာရင် ပိုကောင်းလား၊ ပိုဆိုးလား ဆိုတာမျိုး ပြန်စဉ်းစားသင့်ပါတယ်။ မြက်ပင်တွေဟာ ခပ်ဝေးဝေးကကြည့်ရင် ပိုပြီးစိမ်းလန်းနေတယ်လို့ ထင်ရသလိုပဲ အတွင်းကျကျ မသိရသေးတဲ့ ယောက်ျားတစ်ယောက်ကို အပေါ်ယံအနေနဲ့ ဆုံးဖြတ်ရင်တော့ လက်ရှိလူထက် သာတယ်လို့ ထင်နေမိမှာပါပဲ။ တကယ်လို့များ လက်ရှိလူကို လုံးဝခံစားလို့မရတော့ဘူးဆိုရင်တော့ လမ်းခွဲလိုက်ပါ။ အဲဒီလိုမဟုတ်ဘဲ “ဟိုတစ်ယောက်လဲ မဆိုးပါဘူး” ဆိုတဲ့ ခံစားချက်မျိုးနဲ့ ဆိုရင်တော့ မလိုအပ်ဘဲ မပိုရှာဖွေနေခြင်းသာ ဖြစ်ပါတယ်။

သူ့ကို လမ်းခွဲဖို့ ပြောချင်တဲ့အခါ သူ့ဘက်ကတုန့်ပြန် လာနိုင်တဲ့ရလဒ်ကို ကြိုတွေးထားသင့်ပါတယ်။ “အခန့်မသင့်ရင်မင်းရဲ့ဆုံးဖြတ်ချက်ကြောင့် သူ စိတ်ရှုပ်သွားနိုင်မှာ ဖြစ်တဲ့အတွက် မင်းရဲ့ အတွေးကို သူ့ကိုမပြောခင် အရင်စဉ်းစားပြင်ဆင်သင့် ပါတယ်။”

သူ့ရဲ့မေးခွန်းကို ဖြေဖို့အတွက် ကောင်းမွန်တဲ့ဆင်ခြေတစ်ခု ပြနိုင်အောင်ကြိုးစားပါ။ ကိုယ့်ရဲ့ အကြောင်းပြချက်က ခိုင်လုံနေပါစေ။ ဥပမာ- “ဒီလိုမျိုးဆက်မသွားနိုင်တော့ ပါဘူး ။ ဒီအခြေနေဟာ ကျွန်မအတွက် အနည်ထိုင်စေဖို့ မဖြစ်နိုင်ပါဘူး” စသည်ဖြင့် သူ့ကို အသိပေးပါ။

သူဟာ မင်းထင်ထားတာထက်ပိုပြီး ပေါက်ကွဲသွားနိုင်တယ်ဆိုတာကိုလဲ တွေးထားပါ။ ဒါဟာ သူ့အတွက် ခက်ခဲနိုင်ပါတယ်။ တစ်ခါတုန်းက မင်းကိုနားမလည်နိုင်ဘဲ လမ်းခွဲသွားတဲ့ သူတစ်ယောက်ကြောင့် မင်းဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ပြန်တွေးကြည့်ပါ။ ဒါမှသာ သူဘယ်လိုခံစားနေရတယ်ဆိုတာ နားလည်နိုင်မှာဖြစ်ပြီး ဒီဆွေးနွေးမှုရဲ့အဆုံးမှာ ကောင်းမွန်တဲ့ရလဒ် ရနိုင်ခြေနည်းပါတယ်။

“လမ်းခွဲအပြီးမှာ သူငယ်ချင်းအဖြစ် ဆက်လက် နေထိုင်သွားကြရအောင်” ဆိုတဲ့ ကတိမျိုးကို မပေးပါနဲ့။

ဒါဟာ သူ့ကို နောက်ထပ်အခွင့်အရေးတစ်ခု ရနိုင်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ပေးထားတာနဲ့တူပါတယ်။ ဒီတော့ “ကျွန်မ လိုချင်တာ လုံးဝ သန့်ရှင်းတဲ့ အပြီးတိုင်လမ်းခွဲမှုမျိုးပါ” လို့ သူ့ကို ပွင့်ပွင့်လင်းလင်းပြောပါ။


Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment