Saturday, March 21, 2015

" သင်ရဲ့အားနည်းချက်က ဘာလဲ ??? "

" သင်ရဲ့အားနည်းချက်က ဘာလဲ ??? "
               

Interview ဖြေနေရင်းနဲ့ သင့်ကို Interview တဲ့သူက "ခင်ဗျားရဲ့အားနည်းချက်က ဘာဖြစ်မလဲ" လို့ မေးလာရင် သင်ဘယ်လိုဖြေမလဲ ??? လူတိုင်းကတော့အားသာချက်တွေရှိသလို အားနည်းချက်လည်း ရှိတတ်ကြတာပဲလေ..... အဲ့တော့ သင်က ကျွန်တော့်မှာ အားနည်းချက် ဘာမှမရှိပါဘူးလို့လည်း ငြင်းဖို့မဖြစ်နိုင်ပါဘူး။

ဒါဆိုနားထောင်လို့လဲကောင်းအောင်၊ Interview အတွက်လည်း အထောက်အကူဖြစ်နိုင်အောင် သင်ဘယ်လိုဖြေမလဲ ???

၁။ အပိုတွေလုပ်ပြီးမဖြေပါနဲ့

အားနည်းချက်ကိုသိချင်လို့ မေးကာမှ "ကျွန်တော့အားနည်းချက်ကတော့ အလုပ်အရမ်းလုပ်တတ်တာပါ" တို့ "ကျွန်တော့အားနည်းချက်ကတော့ စေ့စပ်သေချာလွန်းတာပါ" တို့ အစရှိသဖြင့် တော်ကြောင်းတတ်ကြောင်းကိုပဲ တဖက်လှည့်ဖြေတာမျိုးက မေးတဲ့သူလည်း နားကြားပြင်းကပ်သလို၊ မေးခွန်းနဲ့အဖြေနဲ့က ပြောင်းပြန်ဖြစ်နေတယ်လို့လဲ ပြောလို့ရပါတယ်။

၂။ ကိုယ့်ကိုယ်ရိုးသားပါ

သင့်ဘာသာသင် ရိုးရိုးသားသားနဲ့ ကိုယ့်အားနည်းချက်က ဘာလဲဆိုတာကိုစဉ်းစားပါ။ ဖြစ်နိုင်ရင် စဉ်းစားလို့ရလာတာတွေကို စာရွက်ပေါ်မှာ ချရေးလိုက်ပါ။ ပြီးရင် ဘယ်အချက်ကို Interview မှာပြောပြလို့ အဆင်ပြေနိုင်မလဲ စဉ်းစားပြီး ပြင်ဆင်ထားပါ။ ဒါမှလည်း သင့်ကိုအင်တာဗျူးတဲ့သူက သင်ဟာ ရိုးရိုးသားသားနဲ့ သင့်ရဲ့ အားနည်းချက်ကို ပြောပြရဲတာကို အသိအမှတ်ပြုနိုင်သလို အလုပ်ခွင်မှာ သင့်အားနည်းချက်နဲ့ ပတ်သက်တဲ့အခက်အခဲမျိုး ကြုံလာတဲ့အခါမှာ နားလည်စဉ်းစားပြီး ကူညီလို့ရနိုင်မှာပါ။

၃။ကိုယ်အလုပ်ရဖို့ ကိုထိခိုက်နိုင်တာမျိုးလည်း မပြောမိပါစေနဲ့

ရိုးသားဖို့လိုတယ်လို့ပြောခဲ့ပေမယ့် အရမ်းကြီးလည်း ရိုးသားမပြမိပါစေနဲ့။ ကိုယ့်အားနည်းချက်ကို ပြောပြရာကနေ အလုပ်ပါမရနိုင်လောက်အောင် ထိခိုက်မယ့်စကားမျိုးတော့လည်း မပြောမိပါစေနဲ့။ ဥပမာ- သင်က လူ့စွမ်းအားအရင်းအမြစ်ပိုင်းရာထူးနဲ့ အလုပ်လျှောက်ပြီး သင့်အားနည်းချက်က လူတွေအကြောင်း သိပ်နားမလည်ပါဘူး ဆိုတာမျိုး၊ အရောင်းပိုင်းအလုပ်ကိုလျှောက်ပြီး ညှိနှိုင်းဆောင်ရွက်ရတာ အားနည်းပါတယ်ဆိုတာမျိုး ပြောရင်တော့ သေချာပါတယ်..... သင့်ကိုအလုပ်ခန့်မှာ မဟုတ်တော့ပါဘူး။ အဲ့လိုထိခိုက်သွားနိုင်တဲ့ အားနည်းချက်မျိုးတော့ မပြောမိပါစေနဲ့။

၎။ သင့်အားနည်းချက်ကိုပြောရာကနေ သင့်အားသာချက်တွေ ပိုပေါ်လွင်အောင် စွမ်းဆောင်ပါ

သင့် အားနည်းချက်ကိုပြောပေမယ့် သင် အဲ့ဒီအားနည်းချက်ကို ဘယ်လိုပြင်ဆင် ယူသွားမယ်ဆိုတာပါ အလိမ္မာသုံးပြီး အသိပေးပါ။ သင်ဟာ အားနည်းချက်ကိုလည်းသိ၊ ပြုပြင်ယူပြီး အားသာချက်ဖြစ်အောင်လည်း ကြိုးစား၊ ရှိနေတဲ့အတွေ့အကြုံနဲ့ ဗဟုသုတတွေကိုအသုံးပြုပြီး အကောင်းဆုံးစွမ်းဆောင်သွားမယ်ဆိုတာပါ ရဲရဲဝံ့ဝံ့ပြောနိုင်ရင် သင့်ကို Interview တဲ့သူက သဘောမကျစရာ အကြောင်းမရှိတော့ပါဘူး။

ဒီအချက်တွေက အဓိကရှောင်ရဆောင်ရမယ့် အချက်တွေဖြစ်လို့ မိတ်ဆွေတို့လည်း သတိပြုစဉ်းစားပြင်ဆင်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

Wilson Chan (YK)
Credit : Pinterest



lutawlupyaw

No comments:

Post a Comment