"သောက်သုံးရေထဲတွင် ဖလိုရိုက်ပါဝင်မှု များပါက စိတ်ကျရောဂါနှင့် အ၀လွန်မှုကြုံတွေ့ရနိုင်"
ရေငတ်လို့ ရေသောက်တော့မယ်ဆိုရင် အရင်ဆုံး ရေထဲမှာ ဖလိုရိုက် ပါဝင်မှုပမာဏကို စစ်ဆေးသင့်ပါတယ်လို့ လေ့လာမှုအသစ်တစ်ခုက ထောက်ပြခဲ့ပါတယ်။ အကြောင်းကတော့ ရေထဲမှာ ဖရိုရိုက်ပါဝင်မှုပမာဏများခြင်းက စိတ်ကျခြင်းနှင့် ကိုယ်အလေးချိန်တိုးခြင်းတို့ဖြင့် ဆက်စပ်နေလို့ပဲ ဖြစ်ပါတယ်။
University of kent မှ လေ့လာသူများ အဆိုအရ သောက်သုံးရေထဲမှာ သာမန်ထက် ဖလိုရိုက်ပါဝင်မှု များနေပါက သိုင်းရွိုက်ဂလန်း၏ တက် ကလှုပ်ရှားမှု နှေးကွေးလာပြီး၊ ဟော်မုန်းထုတ်လုပ်မှုပမာဏ ကျလာကာ၊ ယင်းကဲ့သို့ သိုင်းရွိုက်ဟော်မုန်း နည်းခြင်းက ကိုယ်အလေးချိန်တိုးခြင်းနှင့် စိတ်ကျခြင်းတို့ ဆက်လက်ဖြစ်စေလေသည်။ ထို့ပြင် (hypothyroidism) သိုင်းရွိုက်ဟော်မုန်း တက် က လှုပ်ရှားမှု နှေးကွေးလာသည့် ပြဿနာအား အမျိုးသမီးများတွင် ပိုတွေ့ရပြီး အသက်ကြီးလာသည်နှင့်အမျှ ပိုများလာကြောင်း တွေ့ရသည်။
အ၀င်း
Ref; Medindia
Health Updates Journal
lutawlupyaw
No comments:
Post a Comment