" အဖော်မွန် အစစ် (or ) သံယောဇဉ်မဲ့သူများသို့ "
အလွန်အံ့သြဖို့ကောင်းတဲ့ အဖြစ်အပျက်တခု ကျမဒီနေ့တွေခဲ့ရပါတယ်။ ဒီနေ့ နေ့ခင်း ရွှေဘုန်းပွင့်ဘုရားရှေ့က ဖြတ်အသွား လူတယောက် ငှက်တွေ လွတ်ပေးနေတာတွေ့ရတယ်။
အဲ့ဒီမှာ ငှက်လွတ်တဲ့သူကပြောလိုက်တာက "ဒီငှက်ပြန်လဲပေးပါ သူက ဒီနားပဲ ပြန်လာနေတယ်" လို့ ပြောသံကြားလိုက်တယ်။ ကျမလည်း သိချင်တာနဲ့ ရပ်ကြည့်လိုက်တော့ ငှက်ကလေးက ကောင်းကောင် မပျံနိုင်တာတွေရတယ်။
ဒါနဲ့ကျမလည်းb ဈေးသယ်အစ်မကြီးကိုမေးကြည့်တော့ သူ့အဖော် အထဲမှာရှိနေလို့ မသွားတာထင်တယ်လို့ မှတ်ချက်ပေးတယ်။ ဒါမျိုးတွေဖြစ်တတ်ပါတယ်လို့ ကျမကို ပြန်ပြောလိုက်သေးတယ်။
အဲ့ဒါနဲ့ကျမလည်း သတင်းသမားပီပီ အဲ့ဒီငှက်ကိုယူပြီး ခပ်ဝေးဝေးသွား လွှတ်ကြည့်တော့လည်း ပြန်လာတာပဲ။ ကျမလည်းငှက်ကလေးကြည့်ပြီး စိတ်မကောင်းတာနဲ့ တစ်ကောင်ပြီးတစ်ကောင် လွတ်ကြည့်တယ်။ စာကလေးအကောင်နှစ်ဆယ်သာ ကုန်သွားတယ် သူ့အဖော်ပါမလာဘူး ။ ဒါနဲ့ပဲ ဈေးသယ်ကို အကုန်လွတ်မယ်ဆို ဘယ်လောက်လဲလို့ မေးကြည့်တော့ ခြောက်သောင်းလောက်ကျမယ်တဲ့ လှောင်အိမ်ထဲမှာ အကောင် 200 လောက် ကျန်သေးတာကိုး။ဒါလည်းမဖြစ်ချေဘူးပေါ့ ။
နောက် ကျမလည်းအကြံတစ်ခုရလာတယ် အပြင်က ငှက်ကလေးကို ခြေထောက်မှာ အမှတ်အသားတခု လုပ်ပြီး လှောင်အိမ်ထဲပြန်ထည့်လိုက်တယ်။ ခဏစောင့်ကြည့်ပြီး သူဘေးနားကပ်လာတဲ့ အဖော်စာကလေး တစ်ကောင်ကိုပါ အတူဖမ်းပြီး လွတ်ကြည့်လိုက်တယ်။
အဲ့ဒီတော့မှပဲ ငှက်ကလေးက သူ့အဖော်နဲ့အတူ အဝေးကိုပြန်သွားတော့တယ်။
ဒါပါပဲ တိရစ္ဆာန်ဖြစ်ပေမယ့် ကိုယ်အကျဉ်းအကျပ်ထဲက လွတ်သွားပေမဲ့ ပြန်ဖမ်းရင်လည်းဖမ်းပါစေဆိုပြီး သေအတူရှင်မကွာ နေမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားပုံ ရပါတယ်။
ကျမတွေးမိတာက ကျမတို့လူ့အဖွဲ့အစည်းမှာ မိသားစုဖြစ်စေ၊ လင်မယားဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက်ဟာ ဒီငှက်ကလေးတွေထားတဲ့ သံယောဇဉ်မျိုး ထားနိုင်ဖို့ တော်တော်ကြိုးစား ယူကြရမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အသက်ကြီးလာလေ ပိုပြီး အတ္တတွေ ကြီးလာကြလို့ပါပဲ။
Credit to လှလှဝင်း
K.K(ကနောင်)
Wednesday, March 4, 2015
" အဖော်မွန် အစစ် (or ) သံယောဇဉ်မဲ့သူများသို့ "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment