Saturday, March 21, 2015

What do u want to be? What do you want?

What do u want to be?
What do you want?

ဘာကို လိုချင်သလဲလို့မေးရင်
ကိုယ်လိုချင်နေတဲ့ ပစ္စည်းကို ပြောနိုင်တယ်။
What do u want to be? ဘယ်လိုလူ ဖြစ်ချင်သလဲလို့ မေးရင် နဲနဲဖြေရခက်သွားတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူများစုဟာ ငယ်ငယ်ကတည်းက ဘယ်လိုလူဖြစ်ချင်တယ်လို့
ရည်မှန်းရမှန်း မသိခဲ့ဘူး။ ပြင်ပအရာဝတ္တုကိုပဲ အဓိကရည်မှန်းတာ များခဲ့တယ်။ ငွေလိုချင်တယ်။ ပစ္စည်းလိုချင်တယ်။ ရာထူးလိုချင်တယ်။ ကျော်ကြားမူလိုချင်တယ်။

လိုချင်တာတွေဟာ များသောအားဖြင့် ပြင်ပမှာရှိတာတွေ ဖြစ်နေတယ်။ ငါဘယ်လိုလူ ဖြစ်ချင်တယ်။ ဘယ်လိုစိတ်ထားမျိုးကို လိုချင်တယ်။
ဘယ်လိုအသိညဏ်မျိုးကို လိုချင်တယ် ဆိုပြီး
ရည်မှန်းချက်ထားတဲ့သူက တော်တော်နည်းတယ်။

(ဆရာတော်ဦးဇောတိက)



lutawlupyaw

No comments:

Post a Comment