Monday, March 16, 2015

"ခုခေတ်မှာ အလုပ်မရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုကျန်းမာ၊ ပိုပျော်ရွှင်မှုရှိကြတယ်လို့ လေ့လာချက်အရ သိရ"

"ခုခေတ်မှာ အလုပ်မရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုကျန်းမာ၊ ပိုပျော်ရွှင်မှုရှိကြတယ်လို့ လေ့လာချက်အရ သိရ"

အမျိုးသမီးတွေဟာ အလုပ်ခွင်မှာ ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြပြီး အလုပ်ကြိုးစားကြပေမယ့်လည်း သူတို့အတွက် အလုပ်လုပ်ရတာ အဆင်ပြေ ပျော်ရွှင်နေကြတယ်လို့တော့ မဆိုလိုပါဘူး။ တစ်ခါတစ်လေ အလုပ်မှာ ရာထူးအတွက် နေရာလုရတာ၊ အလုပ်ရှင်က ယောင်္ကျား၊ မိန်းမ ခွဲခြားပြီး တန်းတူအခွင့်အရေး မပေးတဲ့သူဆိုရင်လည်း သူတို့တွေ စိတ်ပင်ပန်းကြရတာမျိုးတွေ ရှိကြပါတယ်။

မကြာသေးခင်က New York Times မှာ ဖော်ပြထားတဲ့အချက်ကို ပြန်ကောက်ထုတ်ဖော်ပြချက်အရ အမေရိကန်က အလုပ်လုပ်တဲ့ အမျိုးသမီးတွေနဲ့ အလုပ်မလုပ်တဲ့သူတွေရဲ့ ခံစားချက်တွေကို ထင်ထင်လင်းလင်း သိလိုက်ရပါတယ်။ လေ့လာတွေ့ရှိချက်အရ အမျိုးသားတွေ အလုပ်မရှိဘူးဆိုရင် သူတို့အတွက် တော်တော်လေး စိတ်ထိခိုက် စိတ်ဆင်းရဲစရာကောင်းနေတယ်လို့ သိရပြီး အလုပ်မရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ကတော့ အဲ့ဒီလို သက်ရောက်မှုတွေ နည်းပါးပါတယ်တဲ့။ အလုပ်မလုပ်တဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ချစ်ရေးချစ်ရာကိစ္စတွေမှာ ပိုကောင်းအောင် လုပ်ဆောင်နိုင်သလို ကျန်းမာရေးပိုင်းကိုလည်း ပိုဂရုစိုက်နိုင်ကြပါတယ်တဲ့။ အမျိုးသားတွေကတော့ အလုပ်ပြုတ်သွားပြီဆိုရင် ရောဂါဆိုးကြီးတစ်ခု ၀င်လာသလို ကျန်းမာရေးချို့တဲ့သွားတဲ့အထိ ဖြစ်သွားတတ်ကြပြီး ချစ်ရေးချစ်ရာကိစ္စတွေမှာလည်း အရင်ကလို မပြုမူ၊ မလုပ်ဆောင်နိုင်တော့ပါဘူးလို့ သိရပါတယ်။


Credit: Trend Myanmar



lutawlupyaw

No comments:

Post a Comment