Wednesday, May 20, 2015
"ကြာရှည်ခံရန် ပြုလုပ်ထားသော အစားအစာများတွင် အလူမီနီယံဓာတ် ပါဝင်မှုများခြင်းကြောင့် အသည်းကို ဒုက္ခပေးနိုင်"
"ကြာရှည်ခံရန် ပြုလုပ်ထားသော အစားအစာများတွင် အလူမီနီယံဓာတ် ပါဝင်မှုများခြင်းကြောင့် အသည်းကို ဒုက္ခပေးနိုင်"
ရန်ကုန် ၊ ၂၀-၅-၂၀၁၅
အစားအစာများကို ကြာရှည်ခံစေသော ဓာတု အရောင်တင်ဆေးနှင့် ကြာဆံများသည် အလူမီနီယံဓာတ် ပါဝင်ခြင်းကြောင့် အသည်းကို ဒုက္ခပေးနိုင်သဖြင့် ကြာရှည်ခံစေရန် ပြုလုပ်ထားသော အစားအစာများနှင့် ကြာဆံများကို အလွန်အကျွံ စားသုံးခြင်း မပြုရန်နှင့် အသည်းကို ဂရုစိုက်ပါက လူ၏ အသက်အန္တရာယ်ကို ဒုက္ခပေးသော ကင်ဆာရောဂါကိုပါ ကာကွယ်နိုင်ကြောင်း သိရသည်။
လူ၏ ခန္ဓာကိုယ်၌ရှိသော အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းအပြင် ကိုယ်ခန္ဓာ အတွင်း၌ရှိသော ဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက် နှိမ်နင်းပေးလျက်ရှိရာ အသည်းကို သေချာစွာ ဂရုစိုက်ရမည်ဖြစ်ပြီး ကြာရှည်ခံသော အစားအစာများ၊ စည်သွတ်ဘူးများ၊ စည်သွတ် အချိုရည်များသည် အသည်းအတွက် အန္တရာယ် ဖြစ်စေသောကြောင့် စားသုံးရန် မသင့်ဟု ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) က ပြောသည်။
လူ၏ ခန္ဓာကိုယ်တွင် အသည်း မကျန်းမာပါက ကိုယ်ခန္ဓာ၏ တခြားသော ကလီစာများကို ထိခိုက်နိုင်သောကြောင့် အသည်းကို ဂရုစိုက်ရန် လိုအပ်ပြီး အသည်းသည် ဆေးများတွင် ပါဝင်သော တခြား ဓာတုဒြပ်ပေါင်းများကို ချေဖျက်ပေးကာ အသည်းကို ဒုက္ခပေးသော ပါရာစီတမော ကိုက်ခဲဖျားနာဆေး၊ တီဘီဆေး ရိုင်ဖန်ဗီဇင့်များကို အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
ထို့အပြင် ဓာတုနည်းဖြင့် ဖော်စပ်ထားသော အနောက်တိုင်း ဆေးဝါးများနှင့် တရုတ်ဆေးများကို ဆရာဝန် ညွှန်ကြားချက်ပါမှသာ သောက်သုံးသင့်ကြောင်းနှင့် အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကို အားနည်းစေသောကြောင့် အဆီများများ စားခြင်းမှလည်း ရှောင်ကြဉ်သင့်ကြောင်း သိရသည်။
အဆိုပါ အသည်း ကျန်းမာရေး ကောင်းမွန်စေရန် ဆီးသွားစေရန်နှင့် ရေဓာတ်ခန်းခြောက်မှု မဖြစ်စေရန် တစ်နေ့လျှင် ရေဖန်ခွက် ရှစ်ခွက်ခန့် သောက်သုံးရမည်ဖြစ်ပြီး လေဝင်လေထွက် ကောင်းသော တံခါးပေါက်များ၊ ပြတင်းများဖွင့်၍ သဘာဝ လေကောင်းလေသန့်ကိုလည်း ရှူရမည်ဖြစ်ကြောင်း သိရသည်။
ဆုလာဘ်
#Themyawadydaily
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment