Tuesday, May 19, 2015
"ကုပ်ရိုးကျီးပေါင်း တက်ရခြင်း အကြောင်း"
"ကုပ်ရိုးကျီးပေါင်း တက်ရခြင်း အကြောင်း"
ကုပ်ရိုးကျီးပေါင်း မတက်စေချင်ရင်တော့ အနေအထိုင် သတိထားရပါလိမ့်မည် ဒီလိုရောဂါမျိုးတွေဟာ အသက်အရွယ်လေး ရလာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်ချင်ပါတယ် ဆိုရင်တော့ ရာနှုန်းပြည့် ကြိုတင်ကာကွယ်လို့  မရသော ရောဂါမျိုးလည်း ဖြစ်ပါတော့တယ်။
ကာကွယ်နိုင်သည့် သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီ အသာရာလှည့်ချိုးပေးပါ ဒီနေရာမှာ အဓိကပြောချင်တာက ဇာက်ချိုးရတယ်ဆိုတော့ တစ်ချိုက အားနဲ့ လှည့်ချိုးကြပါတယ်။ အဲဒီလို လုပ်ဆောင်ချက်ဟာ လွဲမှားခြင်း ဖြစ်နေကြောင်းကိုလည်း အထူး သတိရှိစေချင်ပါတယ်။ စာအုပ်စာပေ ဖတ်သူများ အနေဖြင့် ကြာရှည်စွာ ခေါင်းငုံ့စာဖတ်ခြင်းမျိုးကို အထူးပင် ရှောင်ရှားသင့်ပါသည်။
ကွန်ပျုတာနှင့် ဖုန်းများကို ရေရှည်ကြည့်ခြင်း၊ သုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကို တည့်မတ်စွာ သုံးစွဲခြင်းဖြင့် အကြောများ ပြေလျော့နေသည့် ပုံစံမျိုးဖြစ်နေပါစေ။
ညပိုင်း အိပ်စက်သည့်အခါတွင် ခေါင်းအုံး အမာများနှင့် အမြင့်ထားပြီး အိပ်ခြင်းမျိုးသည် ကုပ်ရိုးကျီုးပေါင်း တက်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ဒါကြောင့် ညပိုင်း အိပ်စက်သည့်အခါတွင် ခေါင်းအုံးသည် မနိမ့်အမြင့် အနေထားဖြင့်သာ အိပ်စေသင့်ကြောင့် ပြောကြားပါရစေ။
ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများ အနေကတော့ နောက်စေ့၊ နောက်ဖက်၊ အောက်ဘက် နေရာတွေမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်ခြင်း၊ လည်ကုပ် တစ်ဆင့် နောက်စေ့၊ ပခုံး၊ လက်ဖျံနှင့် လက်မောင်း တစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း၊ ခေါင်းလှည့်စဉ်တွင် မူးဝေခြင်း များလည်း ဖြစ်ပေါ်လာသည့်အပြင် အိပ်နေစဉ် ခေါင်းလှုပ်ရှားရင် လည်ကုပ်နေရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်းနှင့်အတူ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေမှာ ထုံကျဉ်ခြင်းများ ဖြစ်ပေါ်လာသည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်း တက်ခြင်း ရောဂါ လက္ခဏာများပင် ဖြစ်ပါတော့သည်။
Credit : yinkhwinlam
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment