" တိုရင်တိုနိုင်သလောက် Discount ပေးသတဲ့ "


တိုနိုင်လေ Discount ပိုရလေဆိုပြီး ဖောက်သည်တွေများများလာအောင် ဆွဲဆောင်ထားတဲ့ တရုတ်နိုင်ငံက ဟော့ပေါ့ဆိုင် တစ်ဆိုင်မှာဆိုရင် အမျိုးသမီးဧည့်သည်တွေနဲ့ ဝန်ထမ်းတွေ အလုပ်ရှုပ်ယှက်ခတ်ပြီး စည်ကားနေတာကို တွေ့ရပါတယ်။

ဂျင်နန်မြို့တော်၊ ရန်ဂျီဟ ဟော့ပေါ့ဆိုင်က ဆိုင်ကိုလာရောက်စားသုံးတိုင်း အမျိုးသမီး ဧည့်သည်တွေအတွက် အထူးအခွင့်အရေးတစ်ရပ်ကို ကြော်ငြာပေးထားပါတယ်။ အမျိုး သမီးတွေက ဝတ်ဆင်ကြတဲ့ မီနီစကတ်တိုတွေကို ဒူးအထက်ကို စင်တီမီတာ ပိုမို တိုတက်နိုင်လေ ပိုပြီးလျှော့ဈေး ပိုရလေပဲဖြစ်ပါတယ်။


ဆိုင်ရဲ့ဝန်ထမ်းတွေက လာရောက်စားသုံးကြတဲ့ စကတ်ဝတ်အမျိုးသမီးတိုင်းကို ပေကြိုးတစ်ချောင်းစီနဲ့ တိုင်းတာနေပြီး ဒူးအထက် သုံးလက်မ (၈စင်တီမီတာ) ဆိုရင် ၂၀ ရာခိုင်နှုန်း၊ ၁၃ လက်မ (၃၃စင်တီမီတာ) အထိကို စကတ်တိုနိုင်ပါက လျှော့ဈေး ၉၀ ရာခိုင်နှုန်း အထိကို ရနိုင်မှာပဲ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက စတင်ပြုလုပ်ခဲ့တဲ့ ဒီပရိုမိုးရှင်း အစီအစဉ်အတွက် လာရောက်ပါဝင်ကြတဲ့ ဧည့်သည်အများအပြားနဲ့ စည်ကားနေတာကို တွေ့ရမှာဖြစ်ပြီး ဒီဆိုင်က လွန်ခဲ့တဲ့ငါးလလောက်ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ကာ ဖွင့်လှစ်တဲ့လတိုင်းမှာလဲ ပရိုမိုးရှင်း လျှော့ဈေးအစီအစဉ်တွေရှိတယ်လို့လည်း ဆိုင်ပိုင်ရှင်က ဆိုထားပါတယ်။
Credit: ဖိုးသူတော်
Tuesday, May 19, 2015
" တိုရင်တိုနိုင်သလောက် Discount ပေးသတဲ့ "
Labels:
နိုင်ငံတကာ သတင်း
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment