သဝန်တိုပါ ……ချစ်သူ
ဒါပေမဲ့ ယုံကြည်မှုမရှိသလို မေးခွန်းတွေနဲ့တော့
ငါ့ကို ခဏခဏ ခံစားရအောင်မလုပ်ပါနဲ့…
ဒေါသဖြစ်ပါ……ချစ်သူ
ဒါပေမဲ့ နာကျင်တဲ့ စကားလုံးတွေနဲ့တော့
ငါ့ကို ခဏခဏ မျက်ရည်မကျခိုင်းပါနဲ့ ……
စိတ်ကောက်ပါ……ချစ်သူ
ဒါပေမဲ့ ခဏခဏတော့ အချိန်အကြာကြီး ငါ့ကို
စကားမပြောပဲမနေပါနဲ့……
ယုံကြည်ပါ……ချစ်သူ
ငါ့ ဘဝမှာ နင့်အပြင် နောက်ထပ်ဆိုတာ
မလိုအပ်သလို နင်ဆိုတာရှိနေယုံနဲ့
ပြည့်စုံနေတတ်တဲ့သူ ဆိုတာကိုပေါ့……
Credit: Lwan Lay

No comments:
Post a Comment