Wednesday, May 20, 2015
" သင်>>>>>>>ဒါတွေတွေးမိလား? "
" သင်>>>>>>>ဒါတွေတွေးမိလား? "
တကယ်လို့ သင့်အိမ်ထောင်ဖက် (သို့) ချစ်သူကို အလိုမကျဖြစ်နေမယ်ဆိုရင်…….
ဘ၀လက်တွဲဖော်ကို ဘုရားသခင်ဆီမှာ အသနားခံတောင်းဆိုနေတဲ့သူကို သတိရပါ။ ။ ။
တကယ်လို့ သင်ဟာ သင့်ဘ၀ကို မကျေမနပ်ဖြစ်နေမယ်ဆိုရင်……..
အစောကြီး လောကထဲမှ ထွက်ခွာသွားရတဲ့ လူတွေအကြောင်းကို သတိရပါ။ ။ ။
တကယ်လို့ သင် သားသမီးတွေအပေါ်မှာ စိတ်တိုင်းမကျခဲ့လို့ရှိရင်…….
ကလေးလိုချင်ပေမဲ့ သားသမီးမရနိုင်တဲ့ မိဘတွေကို သတိရပါ။ ။ ။
တကယ်လို့ သင့်ရဲ့အလုပ်မှာ မောပန်းတယ် ငြီးငွေ့တယ်လို့ ခံစားရရင်………
အလုပ်လက်မဲ့လူတန်းစားကို သတိရပါ။ ။ ။
တကယ်လို့ သူများကိုလက်ညှိုးထိုး အပြစ်ပြောချင်တယ်ဆိုရင်တော့……….
လူသားတိုင်း အပြစ်နဲ့မကင်းဘူးဆိုတာကို လက်ခံပေးပါ။ ။ ။
တကယ်လို့ စိတ်ဓါတ်ကျစရာ အတွေးတွေက အိမ်မက်ကို ဖျက်ဆီးတဲ့အခါ…….
သင့်မျက်နှာပေါ်မှာ အပြုံးရိပ်ကို ပန်ဆင်ပြီး လောကကြီးမှာ သင်အသက်ရှင်နေသေးတာကို သတိရပါ။ ။ ။ ။ ။ ။ ။ ။ ။
Credit: Lwan Lay
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment