Wednesday, May 20, 2015
"ပြောင်းလဲလှပလာတဲ့ ဓာတ်ပုံများနဲ့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ စုမေ"
"ပြောင်းလဲလှပလာတဲ့ ဓာတ်ပုံများနဲ့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ စုမေ"
ဒါရိုက်တာအောင်ကို လတ်ရိုက်ကူးသော ကြော်ငြာ အများစုတွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး Hi Tea လက်ဖက်ရည်ကြော်ငြာဖြင့် လူသိများသော ကလေးသရုပ်ဆောင် စုမေမှာ မြန်မာပရိသတ်များနှင့် ဆယ်စုနှစ်တစ်ခုကြာ အဆက်ပြတ်နေရာမှ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ထွက်ပေါ်လာပြီး ငယ်ရုပ်နှင့် ကွာခြားကာ လှပနေမှုကြောင့် ပရိသတ်များ အံ့အားသင့်ခဲ့ကြရသည်။
သရုပ်ဆောင် စုမေမှာ ကလေးသရုပ်ဆောင်လုပ်ခဲ့သည့် လွန်ခဲ့သော (၁၀) နှစ်ခန့်က ရုပ်ရည်နှင့် ယခုမြင်တွေ့ရသည့် ပုံသဏ္ဌာန်မှာ ကွာခြားသွားပြီး ပိုလှလာကြောင်းနှင့် အနုပညာအလုပ်များ ပြန်လည် လုပ်ဆောင်စေလိုကြောင်း ပရိသတ်များက စုမေကိုယ်တိုင်သုံးစွဲသည့် လူမှုကွန်ရက် စာမျက်နှာတွင် မှတ်ချက်များပေးခဲ့သည်ကို တွေ့ရသည်။
စုမေသည် မြန်မာနိုင်ငံတွင် ကလေးသရုပ်ဆောင်အဖြစ် ကြော်ငြာများ ရိုက်ကူးသည့်အပြင် ၂၀၁၃ က ‘ဖိုးပြုံးချို’ ရုပ်ရှင်ဇာတ်ကားကို မိုးဒီနှင့်တွဲဖက်၍ ပထမဆုံးအကြိမ် ရိုက်ကူးခဲ့ရာ ယင်းဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိရန် ပရိသတ်များက မျှော်မှန်းခဲ့သော်လည်း ဆုချီးမြှင့်ခြင်းမခံရ၍ ၎င်း၏ ပရိသတ်များ ဝမ်းနည်းခဲ့ကြသည်။
အဆိုပါဆုပေးပွဲအပြီးတွင် စုမေသည် မိခင်ကျန်းမာရေးကြောင့် ဆေးကုသရန် ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး အနုပညာလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခြင်းမရှိတော့ပေ။ ယခုအချိန်တွင် မိခင်ဖြစ်သူမှာ ကျန်းမာလာပြီဖြစ်ကြောင်း လူမှုကွန်ရက်၌ ရေးသားထားသည်။ လက်ရှိတွင် ၎င်း၏ပညာရေးနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းအရာများကို 7Day Daily က ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဆက်သွယ်လာမှု မရှိသေးပေ။
Credit : 7day Daily
Labels:
အနုပညာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment